News

ဆိုင်ကယ်စီးသူ၏ နာရေးတွင် ပရဟိတအသင်းများမှ ဒူးထောက်၍ တောင်းပန် နှုတ်ဆက်

မြိတ်မြို့မှ ပရဟိတလူနာတင်ယာဉ်ဖြင့် ထိခိုက်မိသော ဆိုင်ကယ်စီးသူ၏ နာရေးတွင် ပရဟိတအသင်းများမှ ဒူးထောက်၍ တောင်းပန် နှုတ်ဆက်နေကြတာပါ။ သေဆုံးသူနဲ့ သူ့မိသားစုအတွက်လည်း တကယ် စိတ်မကောင်းသလို ပရဟိတသမားတွေအတွက်လည်း စိတ်မကောင်းစရာပါ။ ၂ ဖက်လုံး အတော် ကြေကွဲရှာမယ်။

“ယာဉ်တိုက်မှု ဖြစ်စဉ်သတင်း”

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဒီနေ့ နိုဝင်ဘာလ (၁၉)ရက် မနက်ပိုင်းက အနံပျောက်လူနာကိုသွားခေါ်တဲ့ လူနာတင်ယာဉ်ဟာ မီးပွိုင့်မှာ ဆိုင်ကယ်ကို တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းသူသေဆုံးခဲ့တယ်လို့ မြိတ်မြိုမရဲစခန်းနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

“ကာသမားက မီးနီဖြတ်ပြီးတော့ မောင်းတာ။ မောင်းတဲ့အခါ ဗန္ဓုလလမ်းကနေ ကြံတောလမ်းကို ဖြတ်တဲ့ဆိုင်ကယ်ကို ဝင်တိုက်လိုက်တာ၊ မီးစိမ်းကို။ ဆိုင်ကယ်မောင်းတဲ့သူကတော့ အဲဒီမှာတင်ဆုံးသွားတယ်ပေါ့။ ယာဉ်တိုက်မှုဖြစ်ပြီးမှ ဥသြဆွဲတာပါ။” လို့ မြိတ်မြို့ယာဉ်ထိန်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီး ဝင်းမင်းထွန်းက ပြောပါတယ်။

မြိတ်မြို့၊ တက္ကသိုလ်ဝင်း Q စင်တာက အနံပျောက်သူကို သွားခေါ်တဲ့ လူနာတင်ယာဉ်ဟာ ကန်ဖျားနယ်မြေ၊ ကြံတောလမ်းဆုံမီးပွိုင့်မှာ မီးနီကိုဖြတ်မောင်းချိန် တစ်ဖက်လမ်းကြောက မီးပွိုင့်စိမ်းလို့ ထွက်လာတဲ့ဆိုင်ကယ်နဲ့ တိုက်မိခဲ့တာလို့ သိရပါတယ်။

“မနက်တုန်းက အနံပျောက်လို့ဆိုပြီး လူနာတစ်ယောက်ရှိတဲ့ Q စင်တာကို သွားခေါ်တာပေါ့။ သွားခေါ်ချိန် မီးပွိုင့်မှာဖြစ်သွားတာပေါ့။ လူနာတင်ယာဉ်က ဥသြဆွဲပြီးတော့လေ အရေးပေါ်မီးလည်းဖွင့်ပြီးတော့ အရှိန်နဲ့မောင်းလာတာပေါ့။ မောင်းလာတဲ့အချိန်မှာ ဖြစ်သွားတာပေါ့။” လို့ မြိတ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသားဟာ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီးသွားခဲ့ပြီး လူနာတင်ယာဉ်မောင်းကိုတော့ မြိတ်မြို့ယာဉ်ထိန်းရဲတပ်ဖွဲ့က ပုဒ်မ ၃၀၄(က)၊ ၃၃၈ တို့နဲ့ အမှုဖွင့်ဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။

Leave a Comment

You cannot copy content of this page