လူပီသတဲ့နိုင်ငံမှာ တိရိစ္ဆာန်တောင်မှ အခွင့်အရေး အပြည့်အဝ ရရှိနေပါတယ် (ဂျပန်မှာပါ)

ဂျပန်နိုင်ငံရဲ့ ရထားလမ်းအချို့မှာ လိပ်သွားလမ်းလေးတွေရှိပါတယ်။ (ဆင်းမကြည့်၊ သွားမကြည့်ရပါ။ အန္တရာယ်ဇုန်ပါ။)

သဘာဝလျောက် ပေါက်ဖွားလာတဲ့ လိပ်ကလေးတွေဟာ တစ်နေရာနဲ့ တစ်နေရာ ရွှေ့ပြောင်းသွားလာကြရာမှာ ရထားလမ်းအကူးကျတဲ့အခါမှာ သံလမ်းချိတ်ဆက်ဂျွိုင့်တွေအကြား ကျကုန်ပါတယ်။ ပြန်အတက်မှာ ရထားလမ်းပေါ်ကို ကြိုးစားပြီးကျော်‌တက်ရတဲ့အခါ၊ ရထားကလည်း အလာဖြစ်နေရင်တော့..

ဒီလိုအဖြစ်ဆိုးတွေ လိပ်လေးတွေ မကြုံရတော့အောင် ကို‌ဘေးက West JR နဲ့ Suma ရေဥယျာဉ်တို့‌ပူးပေါင်းပြီး (၂၀၁၅) ခုနှစ်တုန်းက သုတေသနတစ်ခုလုပ်ခဲ့ပါတယ်။ ရလဒ်တွေအရ လိပ်တွေ ဖြတ်ကူးတတ်တဲ့ ဇုန်တွေနားက ရထားလမ်းတွေမှာ လိပ်ကူးလမ်းလေးတွေ ထည့်ပေးလိုက်တာပါပဲ။

ကျိုတိုမြို့နဲ့ နာရမြို့ ဘူတာက လမ်းပိုင်းအချို့မှာ ခုလို ဒီဇိုင်းပြုပြင်ခဲ့တာကြောင့် လိပ်ဆယ်ကောင်ကို ကယ်ဆယ်ခဲ့နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီလိပ်သွားလမ်းလေးတွေဟာ လိပ်လေးတွေအတွက်ပဲ မဟုတ်ပါဘူး။ အဲ့လမ်းတွေမရှိလို့ လိပ်တွေကြောင့် ရထားလမ်းချော်တဲ့အခါ စီးနင်းသူတွေအတွက်ပါ အန္တရာယ်ဖြစ်လာနိုင်ချေရှိနေတာပါပဲ။

ကျိုတိုနဲ့ နာရ ဘူတာတွေအကြား လိပ်လေးတွေကြောင့် ရထားမတော်တဆဖြစ်မှုဟာ (၂၀၀၂) ခုနှစ်ကနေပြီး (၂၀၁၄) ခုနှစ်အကြား (၁၃) ကြိမ်တောင် ရှိခဲ့ပါတယ်တဲ့။ (Neo Mars International)

Leave a Reply

Your email address will not be published. Required fields are marked *