Knowledge

VPN သုံးရင် အရေးယူမယ့်ကိစ္စ အတွက် စိတ်ပူစရာမလိုပဲ ဒီလို လွတ်အောင် ရှောင်သုံးပါမယ်

VPN သုံးရင် အရေးယူမယ့်ကိစ္စ အတွက် စိတ်ပူစရာမလိုပဲ ဒီလို လွတ်အောင် ရှောင်သုံးပါမယ်..

အပြင်သွားဖို့ဖုန်းတလုံး.. အိမ်မှာသုံးဖို့ဖုန်းတလုံး.. ဒါပဲလိုတာဟာ၊ သူ့ဟာသူ ဘာပိတ်ပိတ် ဘာအရေးလဲ။

လမ်းမှာ ဖမ်းစစ်လို့ ဖုန်းထဲ VPN app တွေတွေ့မှ ရစ်နိုင်မယ့်ဟာ။ Traffic နဲ့ အိမ်ရောက်လာမှာ တွေးပူမနေနဲ့၊ VPN traffic လို နည်းနည်းနောနော မသိနိုင်တဲ့ နံပါတ်ပေါင်းများစွာ မပြောနဲ့၊ ၅၀၅ တွေရဲ့ ဆင်းကဒ် Location နဲ့တောင် လိုက်ဖို့ နည်းပညာမရှိသေးဘူး။ VPN Traffic နဲ့လိုက်ဖို့ဆိုတာ အဝေးမှ အဝေးကြီး။

Facebook မသုံးကြရတော့ဘူး သွားပါပြီ ဘာညာ တွေးမနေနဲ့၊ မြန်မာနိုင်ငံကသူတွေ အဲ့လို ပိတ်ထားတာတွေ ရသလိုကြံဖန်ပြီး မှောင်ခိုသုံးလာတာ မွေးကတည်းက။

VPN Traffic ဆိုတာ အကြမ်းဖျင်းပြောရရင် ကလပ်သွားမှာကို အမေရေ ကျနော် ကလပ်သွားမယ်လို့ မပြောဘဲ၊ သူငယ်ချင်းအိမ် ညအိပ်မလို့ဆိုပြီး ပြောသွားသလိုပဲ။ သူငယ်ချင်းအိမ်ရောက်မှ ကလပ်ကို ဆက်သွားတာမျိုး။ ဒါ VPN ပဲ။ ဒီတော့ “VPN သုံးနေပါတယ်ဗျို့” ဆိုတဲ့ စာကြီးနဲ့ ဒီကောင်တွေဖက်က မြင်နေရမှာမဟုတ်ဘူး၊ သိနိုင်မှာမဟုတ်ဘူး။ ကိုယ်သွားမှာသည် သူတို့မသွားစေလိုသော အိမ်မဟုတ်ဘဲ တခြားအိမ်တလုံးဆိုတာပဲ သူတို့ဖက်ကမြင်နေရမှာပါ။

ထုတ်ချင်ရာထုတ်စမ်းပါဗျာ၊ လွတ်အောင် ရှောင်သုံးကြမှာပဲ။ စစ်ချိန်မှာ မမိရင်ပြီးတာပဲ။ ဖုန်းတလုံးစာ အပိုကုန်သွားတာပဲ ရှိမှာပါ။ နည်းပညာသမားတွေဆို ပိုလွယ်သေး၊ ဖုန်းထဲမှာကိုမလိုဘူး လက်တော့တို့ အိမ်ကကွန်ပြူတာတို့ထဲ VPN ထားရုံပဲ။

ဒေါက်တာကျော်ကျော်စိုင်း

Leave a Comment

You cannot copy content of this page