News

၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များထံမှ ပြည်သူတွေအတွက် သတင်းစကား

၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များထံမှ ပြည်သူတွေအတွက် သတင်းစကား..

(မင်းဒင်)

လွှတ်တော်ကိုယ်စားလှယ်များနဲ့ အဆက်အသွယ်ရပါတယ်။ အခုပဲစကားပြောပြီးပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြည်သူတွေကိုပေးပို့တဲ့မက်ဆေ့ကို ရေးပေးပါမယ်ခင်ဗျာ။

(၁) လွှတ်တော်ကိုယ်စားလှယ်အားလုံးပြည်သူလူထုရဲ့ CDM လှုပ်ရှားမှုကအစ ဆန္ဒပြမှုအားလုံးကို သိရှိပါကြောင်း။

(၂) ယခုအချိန်ဟာ ပြည်သူ့လွှတ်တော်တရားဝင်စတင်ခဲ့ပြီဖြစ်လို့ လွှတ်တော်တာဝန်များကို နိုင်ငံတကာ လွှတ်တော်များနဲ့ ချိတ်ဆက်ပြီးထမ်းရွက်နေပါကြောင်း။

(၃) လွှတ်တော်ကိုယ်စားလှယ်များဟာ နေ့စဉ် Virtual Meeting နဲ့ လုပ်ငန်းတာဝန်များကို ထမ်းရွက်ပြီး လွှတ်တော်တည်မြဲရေး အတွက်လုံခြုံရေးကို ဂရုစိုက်နေပါကြောင်း။

(၄) လွှတ်တော်ကိုယ်စားလှယ်များမှာ စည်ပင်ရိပ်သာမှာ ဆွေးနွေးတိုင်ပင်ထားတဲ့မူတွေရှိပြီး အဲ့ဒီအတိုင်း တိုင်းပြည်အခြေအနေအလိုက် အစွမ်းကုန်ကြိုးပမ်းနေပါကြောင်း။

(၅) ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုကို မြင်ရတာအားအလွန်တက်ရပါကြောင်း။

(၆) နိုင်ငံတကာအဖွဲ့အစည်းများနဲ့တိုင်ပင်ပြီး စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံ့ခေါင်းဆောင်များအား မတရားဖမ်းဆီးထားမှုကို ပြည်သူတွေနဲ့အတူနိုင်ငံတကာရဲ့ပါဝင်မှုကို လက်ခံပြီးအရေးယူဖို့ လုပ်ဆောင်နေပါကြောင်း။

(၇) လွှတ်တော်ကိုယ်စားလှယ်များရဲ့စိတ်ဓာတ်ဟာ အမြင့်ဆုံးအခြေအနေမှာရှိနေပါကြောင်း။ ပြည်သူတွေရဲ့ ပြည်သူ့အခွင့်အရေးအတွက် အစွမ်းကုန်ကြိုးပမ်းမှုကိုမြင်ရတဲ့အတွက် စိတ်ဓာတ်အင်အားကို ဖြစ်စေပါကြောင်း။

(၈) ပြည်သူများ ညီညီညွတ်ညွတ်အကြမ်းမဖက်တဲ့နည်းလမ်းဖြင့် ဆက်လက်ကြိုးပမ်းသွားဖို့ ပန်ကြားပါကြောင်း။

(၉) လွှတ်တော်ကိုယ်စားလှယ်များ။ ဝန်ထမ်းများ။ ပြည်သူများရဲ့ ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်မှုကိုမကြာခင်ရရှိတော့မယ်လို့ မျှော်လင့်ပါကြောင်း။ (မင်းဒင်)

Leave a Comment

You cannot copy content of this page