International News

ဆွဲပြားလေး နှစ်ခု နှင့် ကံကြမ္မာကြောင့်လား ယုံကြည်မှုကြောင့်လား အသက်ဘေးက လွတ်ခဲ့တဲ့သူ

လမ်းချော်ပြီး လမ်းဘေးက သစ်ပင် ဝင်တိုက်မိကာ ရစရာမရှိအောင်ပြားချပ်သွားတဲ့ ကားထဲမှာ ယာဉ်မောင်းသူဟာ အနည်းငယ် ထိခိုက်ပွန်းရှယုံလေးသာ ဒဏ်ရာရရှိခဲ့..

(ဘာ့ကြောင့်ကံကောင်းခဲ့တာလဲ?)

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန့်ဘွန့်မြို့နယ် နောင်အိလွန်းကျေးရွာအုပ်စုအနီးက အမှတ် ၃၄၄ အဝေးပြေးလမ်းမ ကီလိုမီတာတိုင် ၂၅ မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ ၁၈:၀၀ ချိန် မိုးရွားသွန်းထားခြင်းကြောင့် Toyota Vigo အနက်ရောင် ယာဉ်အမှတ် ၆၇၄ ဟာလမ်းချော်ပြီး သစ်ပင်ကိုဝင်ဆောင့်မိပြီး ကားမှာ ပြားချပ်ကာ သစ်ပင်ကညှပ်ထားသလို ရစရာမရှိအောင် အခြေအနေက အတော်ဆိုးရွားခဲ့ပါတယ် ။

ဒါပေမယ့်အံ့ဩစရာကောင်းတာကတော့ အသက် ၃၈ နှစ်အရွယ် ယာဉ်မောင်း ‘နိုင်အထိတယား’ ဆိုသူမှာ သူ့ခန္ဓာကိုယ်အနှံ့ ဘာထိခိုက်ဒဏ်ရာမှမရရှိဘဲ အသေးအမွှားပွန်းရှယုံဘဲ ရှိခဲ့ပါတယ် ။ ရဲစစ်ချက်အရ သူဟာ သူငယ်ချင်းဖြစ်သူထံမှ ပြန်လာခဲ့စဉ် မိုးရွားသွန်းနေလို့ သတိထားမောင်းနှင်ခဲ့စဉ် ရုတ်တရက် လမ်းချော်ကာ လမ်းဘေးက ပထမ သစ်ပင်ကို ဝင်ဆောင့်မိခဲ့တယ် ၊ သစ်ပင်ဟာကျိုးပြီးနောက်ထပ် ဒုတိယသစ်ပင်ကို ထပ်မံဆောင့်မိပြန်တယ် ။

ကားကတော့မြင်တဲ့အတိုင်းပါပါဘဲ ၊ ကျွန်တော်ကုန်းကုန်းကွကွနဲ့ကားထဲက ရအောင်ထွက်လာပြီး သက်ဆိုင်ရာကို အကြောင်းခဲ့ပါတယ် ။ “ ကျွန်တော်ဘာ့ကြောင့်သေဘေးက လွတ်ခဲ့သလဲမေးရင်တော့ ကျွန်တော့လည်ပင်းမှာဆွဲထားတဲ့ “ လုံဖော့ခွန်း “ ဆရာတော်ပုံတော်ကြေးပြားလေးနဲ့ ကားထဲမှာချိတ်ထားတဲ့ “ လူံပူထွက် “ဆရာတော်တို့ရဲ့တန်ခိုးတော်ကြောင့်ဘဲ “ ဖြစ်မယ်လို့ ပြောပြခဲ့ပါတယ် ။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ရဲတပ်ဖွဲ့က ကျွန်တော့ကိုကြည့်ပြီး လုံးဝမယုံနိုင်အောင်ဖြစ်နေကြပါတယ်။

ထူးခြားအံ့ဩစရာလို့ဆိုရမလား ? သေနေ့မစေ့လို့လား ? သံဃာကိုကြည်ညိုသက်ဝင်ယုံကြည်ကိုးကွယ်တဲ့ စိတ်ကြောင့်လား ? ဆိုတာတော့ မဝေခွဲတတ်တော့ပါဘူး ဗျာ။ မိုးရွာနေတဲ့အချိန် မည်သူမဆိုကားမောင်းကြရင် အထူးသတိထားတတ်ကြဘို့လိုပါတယ် ၊ ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းကျွန်တော့်လို အမြဲကံမကောင်းနိုင်ကြပါဘူး။ လို့ဆိုပါတယ်။

တကယ်လည်း ထိုသူသည် ကံကောင်းလွန်းလှပါသည် ၊ ဒီအနေအထားမျိုးကတော့ ဘယ်လိုမှ သေဘေးကနေလွတ်လာဘို့ဆိုတာ မလွယ်ပါဘူးခင်ဗျာ..

ခုတော့ ထိခိုက်ဖူးရောင်တဲ့ ဒဏ်ရာလေးတွေကို “ ကျားပရုပ်ဆီ လေးလူးလိုက်ယုံနဲ့ သက်သာပျောက်ကင်းနိုင်မယ့် အနေအထားမျိုးမို့ ကံကောင်းလှပါသည် ဗျာ..

SiThuMaung

Leave a Comment

You cannot copy content of this page