မိန်းမယူရန် အသက်အရွယ် အပိုင်းအခြား အလိုက် မိန်းမတို့ရဲ့ တန်ဖိုး နှုန်းထားများ

မိန်းမယူရန် အသက်အရွယ် အပိုင်းအခြား အလိုက် မိန်းမတို့ရဲ့ တန်ဖိုး နှုန်းထားများ..

အသက် ၁၈နှစ် နှင့် အောက် (ဝေလီဝေလင်းစျေး).. သူကတော့ မနက် ၅ နာရီလောက် စျေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ စျေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်စျေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။

အသက် ၂၀ (မနက်ခင်းစျေး) လူစစည်ကားချိန်.. ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီး စျေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ စျေးစဆစ်လို့ရပါပြီ။

အသက် ၂၅ ဝန်းကျင် (မနက်ခင်းစျေး) လူစကွဲချိန်.. အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ စျေးစည်စအချိန်မှာ ဝယ်ထားတဲ့ လူတွေရယ်ကြောင့် တော်တော်များများက ရွေးကျန်တွေဖြစ်ကုန်ပါပြီ။ ဒါပေမယ့် မျက်စိလျှမ်းတတ်တဲ့လူတွေကြောင့် ကောင်းတာလေးတွေ ရှိနေပါသေးတယ်။ အသေအချာလေးတော့ ရွေးဝယ်ဖို့ လိုနေပါပြီ။

အသက် ၂၇ ဝန်းကျင် (နေ့လယ်စျေး).. ဒီအချိန်မှာတော့ မနက်ပိုင်းကကျန်ထားတာတွေကို စတင်ပြင်ဆင်ဖို့ လုပ်နေရပါပြီ။ ဥပမာ အစည်းပြေနေတာတွေကို ပြန်စည်းမယ်၊ မကောင်းတဲ့အပိုင်းတွေကို ဖယ်ထုတ်မယ့် ရှင်းလင်းပွဲကြီး စတဲ့အချိန်ပေါ့ခင်ဗျာ။ ဒီအချိန်ကတော့ ရောင်းသူ၊ ဝယ်သူ နှစ်ဦးညှိနှိုင်းပြီး ရောင်းလို့ ဝယ်လို့ ရပြီပေါ့ဗျာ။ အချိန်အားဖြင့်တော့ နေ့လယ် ၁၁ နာရီခန့် ရှိပါပြီ။

အသက် ၂၉ ဝန်းကျင် (ညနေစောင်းစျေး).. ဒီအချိန်မတော့ မနက်စျေးမှာ စျေးကြီးလို့ မဝယ်လိုက်ရတဲ့လူတွေက နောက်တကျော့ ပြန်လာဝယ်တဲ့အချိန်ပါ။ စျေးဆစ်တဲ့လူက ကြိုက်တဲ့စျေးကို စဆစ်နေပါပြီ။ ဒီအချိန်က ညနေ ၃ နာရီခန့်ပေါ့။ ဒီအချိန်မှာ လတ်ဆတ်အောင်လို့ ရေဖြန်း၊ ရေတောက်တာတွေကို လုပ်ထားရပါပြီ။

အသက် ၃၀ ဝန်းကျင် (ညစျေး).. အခုဆို ညနေ ၅ နာရီခန့်လောက်ပေါ့ဗျာ။ ဝယ်မယ့်လူက သိပ်တောင် မဆစ်ရသေးဘူး၊ ရောင်းမယ့်လူက တအားလျှော့ချင်နေပါပြီ။ ဝယ်မယ်သာဆိုရင် ရောင်းသူက အဆစ်ကလေးပါ ပေးနေပြီခင်ဗျ။

အသက် ၃၀ နှစ် နှင့် အထက် (မီးခွက်စျေး).. ဒီအချိန်က ည ၇ နာရီဝန်းကျင်။ ဒီအချိန်က စိတ်ဝင်စားစရာ အကောင်းဆုံးဗျ။ မှောင်နေပြီဆိုတော့ ရောင်းသူက မြင်ရဖို့ မီးအိမ်လေးထွန်းပြီးတော့ပေါ့။ ဝယ်တဲ့လူကလည်း မသဲမကွဲနဲ့ဆိုတော့ မတန်တဆ စျေးဆစ်နေပြီပေါ့ဗျာ။ ရောင်းတဲ့လူက တချက်လောက်မူလိုက်ရင်ပဲ ဝယ်သူက ချာကနဲလှည့်ထွက်လာပါပြီ။ နောက်မှ ဝယ်သူကို စျေးလည်းလျှော့ပေးပါ့မယ် အပိုလည်းပေးပါ့မယ်ဆိုပြီး ပြန်ခေါ်နေရတာလည်း ဒီအချိန်ပေါ့ဗျာ။

မှတ်ချက်။ ။ ဘယ်အချိန်ဝယ်ဝယ် တန်ဖိုးထားတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်.. ဟာသအမြင်ဖြင့်သာ ဖတ်ရှုပေးကြပါ.. အားလုံးပဲ ပြုံးပျော်နိုင်ကြပါစေ.. (ခင်မဒီရဲ့ တိုးတိုးဖော)

Leave a Reply

Your email address will not be published. Required fields are marked *