Knowledge

ကမ္ဘာကျော် တရုတ်သူဌေးကြီး ဂျက်မား ပျောက်ဆုံးခြင်း နောက်ကွယ် နှင့် မန်းမြေဈေး

ကမ္ဘာကျော် တရုတ်သူဌေးကြီး ဂျက်မား ပျောက်ဆုံးခြင်း နောက်ကွယ် နှင့် မန်းမြေဈေး..

ဘဏ်ချေးငွေဖြင့် မန်းမှာ မြေဝယ်သင့်သလား။ နိုးပါ။ ဘဏ်ချေးငွေတွေ အများအပြားထွက်လာတဲ့အခါ လူတွေက မြေတွေဝယ်ကြတယ်။ တရုတ်ရထားလမ်းက ဖောက်တော့မယ်ဆိုတော့ မန်းမှာမြေဝယ်ထား ပိုတက်မယ်ဆိုပြီး ထင်နေကြတယ်။ တကယ်တော့ မန်းမြေဈေးနှင့် indicator က နှစ်ခုပဲ ရှိတယ်။

၁။ တရားမဝင်သစ်လုပ်ငန်း၊ တရားမဝင်သယံဇာတ လုပ်ငန်း နှင့် ဘိန်းက ရသောငွေ။

၂။ တရုတ်ပြည်က ချေးယူထားသော ငွေဆိုပြီး နှစ်မျိုးရှိပါတယ်။

ဒါကြောင့် တရာမဝင်လုပ်ငန်းတွေ ခေတ်ကောင်းရင် မန်းမြေဈေးတက်တယ်။ တရုတ်က ပိုက်ဆံတွေလာရင် မန်းမြေဈေးတက်တယ်။ ၂၀၁၀ မှာ အစိုးရပြောင်းတယ်။ ပြောင်းပြီးရင်တံခါးဖွင့်တော့မယ်ဆိုတာ တရုတ်တွေက ကြိုသိတဲ့အခါမှာ မန်းမြေဈေးဟာ ၂၀၀၈ လောက်ကတည်းက တောက်လျှောက်တက်ခဲပြီး ၂၀၁၃ ရှီကျင့်ဖျင်တက်လာချိန်မှာ တရားမဝင်ငွေချေးလုပ်ငန်းများ၊ ပုပ်ပွနေသောဘဏ္ဍာရေးလုပ်ငန်းများကို ကိုင်တွယ်မှုနှင့်အတူ မန်းမြေဈေးဟာ ကျဆင်းသွားခဲ့ပါတယ်။

ဒီတော့ မန်းက မြေဈေးမှာ အဓိက တရားခံဖြစ်တဲ့ ကျဲကျန်းပြည်နယ်က လောင်တုန်း ကိုယ်တိုင်က အချုပ်ထဲရောက်နေပြီ။ တချိန်က လောင်တုန်း ဆောက်ခဲ့တဲ့ အမေရိကန်ကို ကားပစ္စည်းတင်သွင်းမှုလုပ်ငန်းဆိုတာလည်း ပျက်သလောက်ဖြစ်နေပြီ။ ဒီတော့ မန်းက သူဌေးတွေ လောင်တုန်း ဆီသွားလိုက် ပိုက်ဆံချေးလိုက်၊ မန်းမှာ အလွယ်တကူ investment လေးလုပ်လိုက်၊ မြန်မာအစိုးရက အခွန်လွတ်ငြိမ်းလေးပေးလိုက်၊ ပြည်တွင်းက အချဉ်တွေကို ပြန်ရောင်းလိုက်၊ လောင်တုန်းကို အကြွေးပြန်ဆပ်လိုက် လုပ်နေတာတွေမျိုးတွေဟာ လုပ်လို့မရတော့ပါဘူး။ လောင်တုန်းမရှိတော့ရင် အခြား Zhejiang က မြေအောက် ဘဏ္ဍာရေးစင်တာ (di xia jin rong shichang) မှာ ချေးပြီးကစားကြမယ်ထင်နေရင် အမှားပဲဖြစ်မှာပါ။

တကယ်တော့ ၂၀၀၇ လောက်ကတည်းက zhejiang underground fanicial market ဟာ ပြဿနာဖြစ်နေတာပါ။ အမေရိကန်မှာ ၂၀၀၈ financial crisis ဖြစ်တော့ ကိုရီးယားတွေက ပိုက်ဆံအကြွေးပြန်မဆပ်ကြပဲ ပြေးကြလို့ အတော်ပြဿနာတက်ခဲ့ကြပါသေးတယ်။ ဒါပေမယ့်အမေရိကန်တွေ ပြန်ဝင်လာတော့ ပြန်အဆင်ပြေလာတယ်။

၂၀၁၈ အမေရိကန်တရုတ်ကုန်သွယ်မှုစစ်ပွဲ အရှိန်ပြန်မြင့်လာတော့ အမေရိကန်တွေပြန်ဆုတ်ကြလို့ တိုင်အတော်ပတ်ဖူးပါတယ်။ ဥပမာ မြန်မာပြည်လာပြီး အမေစုကို လာတွေ့သွားတဲ့ Zhejiang ၏ နာမည်ကျော် သစ်သူဌေးဟာ မြန်မာပြည်ကနေ တရုတ်ပြည်ကိုအပြန် တရုတ်မြေအချမှာ တရုတ်အစိုးရက တခါထဲ ဖမ်းသွားတာတွေ့ခဲ့ဖူးပါတယ်။ ထိုသူဟာလည်း မန်းမှာ အကြီးအကျယ်ပိုက်ဆံချေးထားသူ တစ်ဦးဖြစ်ပါတယ်။

Zhejiang underground fanicial market ကို တရုတ်အစိုးရချုပ်ကိုင်ဖို့ကြိုးစားခဲ့တာ သမ္မတဟောင်း ဟူကျင်တောင်း လက်ထက်ကတည်းက ဖြစ်ပါတယ်။ ဥပမာ တရုတ်အစိုးရဗဟိုဘဏ်၏ တရားဝင်ငွေချေးနှုန်း၏ လေးဆ အထိ အတိုးယူထားတဲ့ ငွေချေးစာချုပ်တွေကို ဥပဒေအတိုင်းတရားစွဲခွင့်ကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်တောင်ပုပ်ပွနေပြီလဲဆိုတာ တိုင်းတာရ ခက်ပါတယ်။ ဒီရက်ပိုင်း alibaba jack Ma ပျောက်ဆုံးနေခြင်းကလည်း သူနေထိုင်ကြီးပြင်းရာ Zhejiang ပြည်နယ်၏ Di Xia Jin Rong Shi Chang ကြီးနှင့် ပက်သက်မှုရှိနေတာတော့ အထူးပြောစရာမလိုပါဘူး။

ဥပမာ ဂျက်မာ၏ အင်တာဗျူးတွေကို zhejiang television က လွှင့်တဲ့အခါတွေမှာ ဂျက်မာက ယခင်ကဆောက်လုပ်ရေးကုမ္ပဏီတခုမှာလုပ်တယ်။ သူတို့နှင့်ပေါင်းလုပ်တဲ့ အမေရိကန်တွေ ပိုက်ဆံမပေးပဲအမေရိကန်ကို ပြေးတယ်။ ထိုအချိန်မှာ အင်္ဂလိပ်စကားနည်းနည်းတက်တဲ့ ဂျက်မာကိုသူ့ကုမ္ပဏီက အမေရိကန်ကိုလွှတ်ပြီး ထိုလူများကိုရှာခိုင်းတယ်။ ရှာတဲ့အခါမှာ အမေရိကန်ရောက်တော့ ကွန်ပြူတာဖြင့်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီတွေ သူ့ဘော်ဒါက internet ကနေ ရှာပေးရင်း တရုတ်ကုမ္ပဏီတွေများတွေ့ရမလားဆိုပြီး ရှာတော့မတွေ့၊ ဒါကြောင့်တရုတ်တွေ အမေရိကန်ဈေးကွက်ထိုးဖောကိရအောင် Zhejiang ပြည်နယ်က ထွက်ကုန်တွေ ပြည်ပထွက်ရအောင် alibaba ဆိုတဲ့ Internet platform ကို တည်ထောင်ခဲ့တာဆိုပါတယ်။ Zhejiang ပြည်နယ်မှာ နာမည်ကျော် Yiwu အသေးစားပစ္စည်း လက်ကားဈေးကြီးရှိတယ်။ Yong kang စက်မှုဈေးကြီးရှိတယ်။ အိမ်တွင်းမှုစက်မှုလုပ်ငန်းတွေရှိတယ်။

ဒါကြောင့် zhejiang မှာ အခြေချတဲ့ ဂျက်မာ အောင်မြင်တယ်ဆိုရမှာပါ။ ဒါပေမယ့် Jack Ma ပြောတဲ့အင်တာဗျူးမှာ ပါတဲ့ ရှေ့နောက်မညီမှုတွေကို ကျွန်တော်ကတော့ ကျောင်းသားဘဝ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ရယ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ဆောက်လုပ်ရေးကုမ္ပဏီကြီးက ငွေလိမ်ခံရလို့ အလိမ်ခံရသူကို ebay ပေါ်တက်ရှာဆိုတာ ရယ်စရာကြီးပါ။ ကျွန်တော့အမြင်တော့ Jack Ma လုပ်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီး ကိုယ်တိုင်က မြေအောက်ဘဏ္ဍာရေးကမ္ဘာ၏ အစိတ်အပိုင်း တခုဖြစ်နေသလို၊ ဂျက်မာကိုယ်တိုင်က မြေအောက်ဘဏ္ဍာရေးကမ္ဘာမှာ ထိုစဉ်ကတည်းကပွဲစားဖြစ်၍ နေပါပြီဟုယူဆမိတယ်။ ဒါကြောင့် Jack Ma ဟာ မြေအောက်ဘဏ္ဍာရေးစင်တာကို alibaba ဆိုပြီး Internet ပေါ်တင်ပေးခဲ့တာဖြစ်မယ်ဟု ကျွန်တော်အမြဲယုံကြည်နေမိခဲ့တယ်။

ဒါကြောင့် တရုတ်အစိုးရ က Zhejiang က သူဌေးတွေကို စပြီးဆွဲကတည်းက Jack Ma ကို မဆွဲသေးဘူးလား။ ကြီးလို့လားဆိုပြီး ကျွန်တော်သံသယဝင်မိခဲ့တယ်။ ယခုတော့ Jack Ma လည်း သူ့နားက လူတချို့အဆွဲခံရမှုကြောင့် ဝပ်နေရတဲ့အနေအထားရောက်သွားပြီဆိုရမှာပါ။ ဒါကြောင့် Jack Ma လိုမျိုးအဆင့်တောင် ခြေငြိမ်ရပြီဆိုရင် Zhejiang underground financial market ၏ အခြေအနေကအတော်ကို ဆိုးနေပြီဆိုရမှာပါ။ ဒီတော့ မြန်မာပြည်အပါအဝင် ကမ္ဘာတလွှားက တရုတ်လူမျိုးတွေထံ Zhejiang က လာတဲ့ငွေတွေဟာ အများအပြားလာနိုင်ဦးမလား။ စဉ်းစားကြည့်ရင် မြင်နိုင်ပါတယ်။

လက်ရှိအနေအထားအရ တရုတ်အစိုးရဟာ hot investment တွေကိုထိန်းကျောင်းနိုင်ရေးကို အားပေးဖို့ ဥပဒေအောက်မှ စနစ်တကျဖြစ်သော financial center တွေပေါ်ပေါက်လာရေးကို ကြိုးစားနေတာ ၁၀ နှစ်ကျော်ပါပြီ။ ထို့အတွက် ယခုအနေအထားမျိုးရောက်နေပြီဆိုရင်တော့ တရုတ်အစိုးရဟာ နောက်ပြန်လှည့်တော့မည် မဟုတ်ပါ။ တရုတ်ပြည် middle income country ကနေ လွတ်မြောက်ဖို့ financil stability ကလည်း လိုနေတော့ တရုတ်မှာ ဘယ်သမ္မတတက်တက် တရုတ်ပြည်တိုးတက်ရေးကို ရှေးရှုရမှာကြောင့် zhejiang underground Financial market က ကြာလေလှုပ်မရလေပဲဖြစ်တော့မှာပါ။

ဒါကြောင့် မန်းမြေစျေးကော.. Zhejiang က လောင်တုန်းကို အချုပ်ထဲ တရုတ်အစိုးရကထည့်ထားသ၍ တစ်နှစ်လုံးမှ သိန်းတစ်သောင်းလောက်တောင် ပစ္စည်းမရောင်းရတဲ့ကုမ္ပဏီတွေက မြေကြီးတွေ ဘီလီယံချီဝယ်နေကြတာ မျိုးတွေဟာ ရထားလမ်းမကလို့ ဘာလမ်းပဲဖောက်ဖောက် သိပ်ရှိတော့မယ်မထင်ပါဘူး။

(မြတ်မော်)

Leave a Comment

You cannot copy content of this page