Knowledge

ယာဉ်လိုင်စင်တွေ၊ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းကုန်‌နေပါလိမ့်မယ် ဘာမှမစိုးရိမ်ကြပါနဲ့

ရိုသေလေးစားစွာ တင်ပြပေးပါမယ်..

ယာဉ်လိုင်စင်တွေ၊ ယာဉ်မောင်းလိုင်စင်တွေ သက်တမ်းကုန်‌နေပါလိမ့်မယ် ကုန်ခါနီးလဲဖြစ်နေပါလိမ့်မယ်။

ယာဉ်လိုင်စင်တွေ၊ ယာဉ်မောင်းလိုင်စင်တွေ၊ လုပ်ငန်းလိုင်စင်တွေ မကြာမီသက်တမ်းကုန်ပါတော့မယ် သက်တမ်းကုန်သွားတာလဲရှိနေပါလိမ့်မယ်။ စစ်မှာ လေလား၊ အပြစ်ဖြစ်မှာ လေလား သုံးလို့ရပါမလား၊ မောင်းလို့ရပါမလား အရမ်းကြီးမစိုးရိမ်ပါနဲ့ ဒီအချိန်ဒီကာလ အားလုံးနားလည်မှုရှိပါတယ်။ ကိုဗစ်ကြီးပြီးသွားလို့ရှိရင်တောင် အချိန်ကာလတစ်ခုအထိ သက်တမ်းလွန်တာတွေကို နားလည်ပေးမှာပါ လျှော့ပေါ့ပေးမှာပါဗျာ လျှော့ပေါ့ပေးလာအောင်လည်း လူကြီးမိဘဆရာသမားများကို ရိုသေလေးစားစွာတင်ပြ‌ပေးသွားမှာပါ။

ယာဉ်အသုံးပြုသူများပြည်သူများ လိုင်စင်တွေ သက်တမ်းလွန်တာနဲ့ပတ်သက်လို့ စိတ်အနှောင့်အယှက်မဖြစ်ကြပါနဲ့ ကိုဗစ်ကြောင့်ဆိုတာကို အားလုံးသိရှိထားလို့ မည်သည့်အစစ်ဆေးရေးအဖွဲ့ကမဆို နားလည်ပေးသွားမှာမို့ စိတ်ကြည်လင်သန့်ရှင်းစွာဖြင့် လိုရာခရီးဆက်ကြပါဗျာ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
28.10.2020

Leave a Comment

You cannot copy content of this page