News

ဒီရေတက်နေသော သာကေတ မိကျောင်းမွေးမြူရေးစခန်းမှ မိကျောင်းများ အခြေအနေ

ဒီရေတက်နေသော သာကေတ မိကျောင်းမွေးမြူရေးစခန်းမှ မိကျောင်းများ အခြေအနေ..

“တော်သလင်း လဆန်း ၄ ရက်ဆိုတော့ အမြင့်ဆုံးဒီရေက တက်နေကျပါ။ ဒီနေ့ မနက် ၆ နာရီမှာ ထူးကဲဒီရေ ခေါင်‌ရေကြောင့် ရေဝင်မှုများနေေပေမယ့်လည်း မိကျောင်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာမရှိသလို ဝန်ထမ်းတွေ ဘေးအန္တရာယ်ကင်းစေရေး ကို လဲ အထူးသတိပြု ဆောင်ရွက်ထားပါတယ်ခင်ဗျ” ဟု ငါးလုပ်ငန်းဦးစီးဌာန မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်း၊ သာကေတမှ ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာမျိုးမင်းလှိုင်က ပြောပါသည်။

၂၀၁၈ ခုနှစ်မိုးရာသီက ယခုထက် ၂ ပေမြင့်သည်အထိ ဒီရေ တက်ခဲ့ဖူးကြောင်းနှင့် ထိုစဉ်ကလည်းမိကျောင်းများလွတ်ထွက်သွားခြင်းမရှိခဲ့အောင် ထိန်းသိမ်းကာရံလုပ်ဆောင်နိုင်ခဲ့ကြောင်းသူကပြောသည်။

လက်ရှိတွင် သာကေတ မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်း၌ မိကျောင်း ၅၀၀ ကျော်ရှိပြီး အစိုးရအထောက်အပံ့ဖြင့် မွေးမြူထားခြင်းဖြစ်သည်။ မိကျောင်းစာအတွက် အလှူရှင်များက ပင်လယ်ငါးဖမ်းသင်္ဘောများမှ တပတ်လျှင် ငါး ပိသာ ၂၀၀ ခန့်ကို ဂျက်တီ တခုစီက အလှည့်ကျ လှူဒါန်းပေးနေကြောင်း ဒေါက်တာမျိုးမင်းလှိုင်က ပြောသည်။

သာကေတ မိကျောင်းမွေးမြူထိန်းသိမ်းရေးစခန်း

Leave a Comment

You cannot copy content of this page