News

မိပြန်ပါပြီ ကေတီဗီ မင်္ဂလာဒုံမှာပါ အစုလိုက် အပြုံလိုက်ပါပဲ၊ အခုထိ အမှတ်မရှိကြသေးပါဘူး

မိပြန်ပါပြီ ကေတီဗီ မင်္ဂလာဒုံမှာပါ အစုလိုက် အပြုံလိုက်ပါပဲ၊ အခုထိ အမှတ်မရှိကြသေးပါဘူး..

ရန်ကုန် မင်္ဂလာဒုံမြို့နယ်က “တော်ဝင်နန်း” ကေတီဗီဆိုင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူလိုက်ကြောင်း ရန်ကုန်တိုင်း‌ဒေသကြီးရဲတပ်ဖွဲ့က ပြောပါသည်။

ကိုဗစ်ကာလအတွင်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ဖောက်ဖျက်လျက် ကေတီဗီဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသည့်အတွက် အရေးယူလိုက်ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့က ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီ အချိန်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့၊ ဧကရာဇ်ရပ်ကွက်ရှိ ဦးကျော်ဦး ပိုင်ဆိုင်သော “တော်ဝင်နန်း” ကေတီဗီဆိုင်ကို ကိုဗစ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ အဆိုပါ ကေတီဗီဆိုင်၌ ၎င်းရပ်ကွက်နေ ဆိုင်မန်နေဂျာ သန့်ဇင်ကို (ခ) သန့်ဇင် (၄၁)နှစ်၊ ဆိုင်ဝန်ထမ်း ကိုဖြိုးအပါအဝင် ၂၃ ဦးနှင့် လာရောက်သီချင်းဆိုသူ မင်္ဂလာဒုံမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာနေသူပါ ၂၂ ဦး တို့အား တွေ့ရှိရပါသည်။

ဆိုင်မန်နေဂျာ သန့်ဇင်ကို (ခ) သန့်ဇင်နှင့် ဦးကျော်ဦးတို့ ၂ ဦးအား ထောက်ကြန့် မြို့မရဲစခန်း (ပ)၁၂/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်လည်းကောင်း၊ ဆိုင်ဝန်ထမ်း ကိုဖြိုးပါ ၂၃ ဦးနှင့် လာရောက်သီချင်းဆိုသူ —ပါ ၂၂ ဦး၊ စုစုပေါင်း ၄၅ ဦးတို့အား ထောက်ကြန့်မြို့မရဲစခန်း (ပ)၁၃/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါသည်။

Leave a Comment

You cannot copy content of this page