News

မီးပုံမှန် ပြတ်နေသော်လည်း မီးထပ်ပြတ်ဦးမည် ဖြစ်ကြောင်း ရန်ကုန် EPC က အသိပေးထုတ်ပြန်

ဓာတ်အားထုတ်လုပ်မှု 290 MW ခန့်လျော့နည်းကျဆင်းနေ၍ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးယာယီပြတ်တောက်မှုများရှိမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အသိပေး..

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသည့် 230kV သပြေဝ-မြင်းခြံ ဓာတ်အားလိုင်းသည် မေ ၁၀ ရက်ည ၆ နာရီ ၁၃ မိနစ်ခန့်၌ ဓာတ်အားလိုင်းယာယီအပြစ်ဖြစ်ခဲ့သည်ဟု ရန်ကုန် EPC (YESC) မှအသိပေးခဲ့သည်။ ယင်း ဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်ပေးထားသည့် SUNCO နှင့် V Power ဓာတ်အားပေးစက်များမှ ဓာတ်အားထုတ်လုပ်မှု 290 MW ခန့် လျှော့နည်းကျဆင်းသွားခဲ့သည်ဟု သိရသည်။

သို့ဖြစ်ပါ၍ ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးနိုင်မှု လျှော့နည်းနေချိန်၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အရေးပေါ်ဝန်အားလျှော့ခြင်းနှင့် အုပ်စုအလိုက် ဝန်အားလျှော့ထိန်းညှိခြင်းများကို ဆောင်ရွက်နေရပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနေမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပေးစက်များမှ ပုံမှန်အတိုင်း ဓာတ်အားထုတ်လွှတ်ပေးနိုင်သည့် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပို့လွှတ်ပေးမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်ဟု ရန်ကုန် EPC (YESC) က ကြေငြာထားပါသည်။

Leave a Comment

You cannot copy content of this page