News

အပူပိုင်းမုန်တိုင်း “နန်က” (Nangka) ကြောင့် မြန်မာပြည်အနှံ့ မိုးကြီးမည့် ဒေသများ မိုးဇလထုတ်ပြန်

အပူပိုင်းမုန်တိုင်း “နန်က” (Nangka) ကြောင့် ယနေ့ ညနေအထိ တိုင်းနှင့်ပြည်နယ်အနှံ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ နံနက် ပိုင်း ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း “နန်က” (Nangka)သည် ဟိုင်နန်ကျွန်းကို ဖြတ်ကျော်ခဲ့ပြီး၊ တုံကင်ပင်လယ်ကွေ့သို့ ရောက်ရှိခဲ့ကာ၊ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ (Hanoi)၏ အရှေ့တောင်ဘက် ရေမိုင် (၁၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသလို အဆိုပါ အပူပိုင်းမုန်တိုင်း “နန်က”(Nangka)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရထားပါတယ်လို့ ဆိုပါတယ်။

ယင်းမုန်တိုင်းကြောင့် ယနေ့ညနေအထိခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နောက် (၂) ရက်အတွက် ခန့်မှန်းချက်ကတော့ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ မှ ဆုတ်ခွာနိုင်ပါသည်။

Leave a Comment

You cannot copy content of this page