အညာဒေသ ဘုရားပွဲတွေမှာ မပါမဖြစ်တဲ့ မုန့်လေပွေကို ဘယ်လိုစားကြသလဲ

မုန့်လေပွေ ကြိုက်ကြလား.. ဟိုတုန်းက ကျနော်တို့အညာဒေသ ဘုရားပွဲတွေမှာ ၊ ဘုန်းကြီးပျံပွဲတွေမှာ ၊ တန်ဆောင်တိုင်ပွဲတွေမှာ သူမပါရင်မပြီး..။ ဒီဘက်ခေတ်မှာတော့ သိပ်မတွေ့ရတော့ဘူး..။

ငယ်ငယ်တုန်းကတော့ မုန့်လေပွေသည်လာရင် အမေ့ကို ပူဆာရတာအမော။ ပွဲစျေးတွေမှာဆိုရင်လည်း မုန့်လေပွေရောင်းတဲ့ အဒေါ်ကြီးတွေ မုန့်လေပွေကင်နေတာကို တမေ့တမောထိုင်ကြည့်ပြီးမှ အတွဲလိုက်ဝယ်စားတာမျိုး။ လျှာပေါ်ဝဲမုန့်မျိုးဆိုတော့ ဘယ်လောက်စားစား ဗိုက်ပြည့်တယ်မရှိ။

အဖွားတို့ အမေတို့ကတော့ မုန့်လေပွေဆို အဆိမ့်ထက် ထန်းလျက်ပါတဲ့ အချိုချပ်ကို ပိုပြီးကြိုက်ကြတယ်။ ကိုယ်တွေကတော့ မုန့်လေပွေပေါ့ဆိမ်ဆိမ့်ကိုပဲ ပန်းကန်လေးထဲမှာ ချေမွပြီး ဆီလေးဆမ်းစားရတာကြိုက်တယ်။ ရေစိမ်ပြီး၊ ရေပြန်ညှစ် ဆီနဲ့ ပြန်သုတ်စားရတာလည်း ကြိုက်တယ်။ အချပ်လိုက် ထန်းညက်ရည်နဲ့ ဆမ်းစားတယ်။ မန်ကျည်းသီး ဆော့ချဥ်နဲ့လည်း တို့စားကြပါတယ်။

မုန့်လေပွေကို ပြုလုပ်ရာတွင် ဆန်ကို ကြိတ်လုပ်ရာမှရရှိသည့် မုန့်ရည်နှင့် နှမ်း ကို အဓိက အသုံးပြုရပြီး ဒေသထွက်ဖြစ်သော ထင်း၊ ဆန်၊ နှမ်း၊ ဆား တို့ကို အသုံးပြုရသည့်အတွက် ကုန်ကြမ်းအတွက် လွယ်ကူသည်။

မုန့်လေပွေ ပြုလုပ်ရောင်းချသူများသည် သတင်းကျွတ်လပြည့်ကျော်မှ စတင်၍ ဆောင်းရာသီနှင့် နွေရာသီများတွင် အလုပ်လုပ်ကိုင်ရကာ မိုးရာသီတွင် ရာသီဥတု အခြေအနေအရ လုပ်ငန်းနားထားကြရသည်။

မုန့်လေပွေ ဘယ်လိုစားရတာလဲ.. စားနည်းကတော့ ဒီတိုင်းကိုက်စားလိုက်ရုံပါပဲ.. ကျနော်တို့ ငယ်ငယ်ကတော့ ရေနဲ့တို့စားတယ်.. နည်းနည်းကြီးလားတော့ နို့ဆီနဲ့ တို့စားတယ်.. ခုကျ ဆော့ချဉ်လေးနဲ့စားကြည့်တာ ကောင်းချက်ဗျား.. လူကြီးတွေက ဆီဆားနဲ့ တို့စားကြတယ်.. တချို့နယ်က ခရမ်းချဉ်သီး ကြက်သွန်နီ ကြာညို့လေးနဲ့ သုပ်စားကြပါတယ်..

အဝေးပို့တဲ့အခါ သယ်ရလွယ်အောင် လေသလပ်ခံထားလို့ ပျော့တာမကြိုက်ရင် နေပူပူမှာခနလှမ်းလိုက်ရင် ကြွပ်မွသွားလိမ့်မယ်.. ဒါမှမဟုတ် မီးဖိုလေးမှာ မီးတချက်ပြ မွှေးပြီးကြွရွသွားလိမ့်မယ်နော်.. ကြွပ်မွသွားမှ အသာလေး လက်နဲ့ရိုက်ခါ သဲပူထိုးဖောက်ရတာမို့ မုန့်မှာကပ်နေတဲ့သဲတွေ ကြွေကြသွားပါလိမ့်မယ်..

Leave a Reply

Your email address will not be published. Required fields are marked *