Knowledge

မော်တော်ယာဉ် သက်တမ်းတိုးနှင့် အမည်ပြောင်း ဆောင်ရွက်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများ

မော်တော်ယာဉ် သက်တမ်းတိုးမည့် မိတ်ဆွေများအတွက် ပိုင်ရှင်အမည်ပေါက်ဆိုပါက ယူဆောင်လာရမည့်စာရွက်စာတမ်းများ..

အုံနာဘုတ်မူရင်း၊ ဝှီးတက်မူရင်း၊ ပရီမီယံစာအုပ်မူရင်း၊ ပိုင်ရှင်အမည်ပေါက်ဆိုပါက – ဝှီးတက်နောက်ကျောပါ အမည်ပေါက်ပိုင်ရှင်၏ မှတ်ပုံတင်မူရင်း၊ မိတ္တူ ၁ စောင်၊ သန်းခေါင်စာရင်း မိတ္တူ ၁ စောင်

မော်တော်ယာဥ် သက်တမ်းတိုး နှင့် အမည်ပြောင်းဆောင်ရွက်မည့် မိတ်ဆွေများအတွက်.. ယူဆောင်လာမည့်စာရွက်စာတမ်းများ..

အုံနာဘုတ်မူရင်း၊ ဝှီးတက်မူရင်း၊ ပရီမီယံစာအုပ်၊ မိမိနာမည်ဖြင့် ဆောင်ရွက်ထားသည့် အခွန်စိမ်း မူရင်းနှင့် ငွေသွင်းပြေစာမိတ္တူ ၁ စောင်၊ မှတ်ပုံတင် မူရင်း၊ မိတ္တူ ၁ စောင်၊ သန်းခေါင်စာရင်း မူရင်း၊ မိတ္တူ ၁ စောင်၊ ကားဝယ်ရောင်းစာချုပ်မူရင်း၊ မိတ္တူ ၁ စောင်

မော်တော်ယာဉ်သက်တမ်းတိုးမည့် မိတ်ဆွေများအတွက်.. စည်ပင်ခွန် / ဘီးခွန်နှုန်းထားများ..

600 CC အောက် [1] နှစ်နှုန်း – 36500, 600 CC မှ 1300 CC ထိ [1] နှစ်နှုန်း – 54750,

1301 CC မှ 2000 CC ထိ [1] နှစ်နှုန်း – 73000, 2001 CC မှ 4300 CC ထိ [1] နှစ်နှုန်း – 91250, 4301 CC နှင့် အထက် [1] နှစ်နှုန်း – 109500

Leave a Comment

You cannot copy content of this page