မြန်မာပြည်မှာ စိုက်ပျိုးရေးလုပ်သူတိုင်း သိထားသင့်တဲ့ N.P.K အကြောင်း သိကောင်းစရာ

“N.P.K အကြောင်း သိကောင်းစရာ” အပင်စိုက်ပြီး NPK လောက်တော့ သိထားသင့်ပါတယ်။

မြန်မာပြည် စိုက်ပျိုးရေးမှာ ဘယ်ဒေသမှာမဆို မိရိုးဖလာ စိုက်ပျိုးသူက များပါတယ်။ လိုအပ်ရင် မြေသြဇာ အလွယ်တကူ ဝယ်ပြီးသုံးတာကများပါတယ်။ မြေသြဇာကျွေးတော့ ကျွေးတယ် ဘယ်အချိန် ဘယ်လိုမြေသြဇာ သုံးရမယ်ဆိုတာ သေချာမသိကြတာက ပြဿနာပါ။ အဲဒီပြဿနာကို ဖြေရှင်းနိုင်ရင် စိုက်ပျိုးရေးမှာ ၅၀% အောင်မြင်ဖြစ်ထွန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ NPK အကြောင်း ပြောကြရအောင်ပါ..

NPK ဆိုတာ ၁။ နိုက်ထရိုဂျင် ၂။ ဖော့စဖရက် ၃။ ပိုတတ်ဆီယမ် ဆိုပြီး (၃) မျိုးရှိပါတယ်။ “N” ဆိုတာက နိုက်ထရိုဂျင်ပါ နိုက်ထိုဂျင်က ပင်စည်၊ အကိုင်းအခက်၊ အရွက်နဲ့ အညွန့် တို့ကို အားပေးတဲ့ ပရိုတိန်းဓာတ်ကို ဖြစ်စေပါတယ်၊ အင်ဇိုင်းဓာတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်၊ အပင်အရွက်တွေက နေရောင်ရရှိမှုကို ပိုမိုချက်လုပ်နိုင်အောင် ဖြည့်စည်းပေးပါတယ်။

“P” ဆိုတာကတော့ ဖော့စဖရက်ပါ။ ဖော့စဖရက် ကတော့ အပွင့်၊ အသီးနဲ့ အစေ့ကို အားပေးပါတယ်၊ ကဇီဓာတ်ကို အချိုဓာတ် ဖြစ်အောင် ပြောင်းလဲပေးနိုင်ပါတယ်၊ မျိုးရိုးဗီဇကိုလည်း ပိုမိုကောင်းမွန်စေပါတယ်၊ အရောင်းအစင်းကိုလှစေတယ်၊ အပင်အစိတ်အပိုင်းမှာ လိုအပ်တဲ့ ဓာတ်တွေကို ပို့ဆောင်ပေးတယ်။

“K” ကတော့ ပိုတက်ဆီယမ်ပါ။ ပိုတတ်ဆီယမ်က အမြစ်ကိုအားပေးတယ်၊ အချိုဓာတ်ကိုဖြစ်ပေါ်စေတယ်၊ အသီးကိုအချိုဓာတ်ရအောင် ပို့ဆောင်ပေးတယ်၊ အလေးချိန်ကို စီးစေတယ်၊ အရွပ်တွေကို နိုက်ထရိုဂျင်ဓာတ်ပိုပြီး စုပ်နိုင်အောင် လုပ်ဆောင်ပေးတယ်။ သီးပင်စားပင်နှင့် နှစ်ရှည်သီးနှံစိုက်ပျိုးရာမှာ ဘယ်လိုအပင် ဘယ်လိုအချိန် ဘယ်လိုအရွယ်အစားမှာ ဘာမြေသြဇာ သုံးရမယ်ဆိုတာကို ကွဲကွဲပြာပြား သိနိုင်အောင် တင်ပေးလိုက်ပါတယ်ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *