ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူမှု မြန်မာ‌က အဆင့် (၅) ရပ်တည်

မြန်မာတွေ ထိုင်းနိုင်ငံမှာ ဘတ်သန်း ၁၃၀၀ ကျော်ဖိုး (မြန်မာငွေ ကျပ် ၁၁၀၀ ဘီလီယံကျော်ဖိုး) ကွန်ဒိုအခန်းတွေ ဝယ်ထားတယ်လို့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းများ ဝယ်ယူမှု နိုင်ငံအလိုက်စာရင်းတွင် မြန်မာက အဆင့် (၅) မှာ ရပ်တည်နေပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁၃၄၂ သန်းဖိုးအထိ ဝယ်ယူထားတယ် လို့ ဖော်ပြထားပါတယ်။

ထိုင်းမှာ ကွန်ဒိုတိုက်ခန်းအများဆုံး ဝယ်တဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး ဘတ် ၁၇၉၄၃ သန်းဖိုးအထိ ဝယ်ယူထားပြီး နိုင်ငံအလိုက် ထိပ်ဆုံးက ရပ်တည်နေတာပါ။

အိမ်ခြံမြေသတင်းအချက်အလက်စင်တာတခုရဲ့ ဖော်ပြချက်အရ ၂၀၂၂ ဇန်နဝါရီ ကနေ စက်တင်ဘာလအထိ Foreign Condo Ownership အခန်းပိုင်ဆိုင်မှု၊ နာမည် လွှဲပြောင်းမှုပေါင်း ၇,၂၉၀ မှု အထိ ရှိခဲ့ပါတယ်။

Foreign Condo Ownership in 2022, ၁။ တရုတ် (၁၇.၉၄ ဘီလီယံ ဘတ်၊ ၄၈.၅%) ၂။ အမေရိကန် (၁.၆၁ ဘီလီယံ ဘတ်‌၊ ၄.၄%) ၃။ ပြင်သစ် (၁.၄၃ ဘီလီယံ ဘတ်၊ ၃.၉%) ၄။ ရုရှား (၁.၃၆ ဘီလီယံ ဘတ်၊ ၃.၇%) ၅။ မြန်မာ (၁.၃၄ ဘီလီယံဘတ်၊ ၃.၆%) တို့ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းတွေရဲ့တန်ဖိုးကတော့ အနိမ့်ဆုံး ဘတ် ၁ ဒသမ ၈ သန်းကနေ အမေရိကန်ဒေါ်လာ ၇ သန်းခန့်အထိ တန်ကြေးရှိတဲ့ အခန်းတွေလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာငွေနဲ့တွက်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ ကွန်ဒိုတစ်ခန်းကို အနိမ့်ဆုံး ကျပ် သိန်း ၁၆၀၀ ကနေ သိန်း ၆၀၀၀ ကျော်အထိ တန်ကြေးရှိပါတယ်။

ထိုင်းအစိုးရကလည်း ၂၀၂၀ – ၂၀၂၂ အထိ အိမ်ခြံမြေ အခွန်တွေကို ကင်းလွတ်ခွင့်ပေးခဲ့ပေမယ့် ယခု ၂၀၂၃ မှာ ပြန်လည်ကောက်ခံဖို့ ရှိ မရှိ မူဝါဒကို ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ သို့ပေမယ့် ဘတ်ဈေးဆက်တက်နေတာရယ်၊ တရုတ်ပြန်ဖွင့်တာရယ်ကြောင့် နောက်ထပ် ကွန်ဒို ဝယ်ယူဖို့ စဉ်းစားနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အနည်းနဲ့အများရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *