ယခုရက်ပိုင်း မြဝတီမြို့သို့ လာမည့်သူများအတွက် ရှောင်ကွင်းသွားရမယ့် လမ်းညွှန်

ယခုရက်ပိုင်း မြဝတီမြို့ကို သွားကြရပုံ (သို့) မြဝတီသို့ လာမည့်သူများအတွက် လမ်းညွှန်ပါ။ မဖြစ်မနေ သွားလာမည့်သူများအတွက်..

ငါ့ဝမ်းပူဆာမနေသာ သမုဒ္ဒရာ ဝမ်းတစ်ထွှာကြောင့် ခရီးသွားလာနေကြတဲ့ ကရင်ပြည်နယ်က ကားဆရာတွေ နဲ့ ခရီးသွားတွေကို ကရင်ပြည်နယ် ထော့ကိုကိုးကားလမ်းပိုင်းမှာ တွေ့မြင်နိုင်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မြဝတီမှာ ဘားအံ / ရန်ကုန် စသဖြင့် ပိတ်မိနေတဲ့ခရီးသည်များဟာ လက်ရှိတိုက်ပွဲဖြစ်ပွါးနေတဲ့ ကျုံဒိုး – ကော့ကရိတ် – တောင်ပေါ်အာရှလမ်း – သင်္ကန်းညီနောင်နှင့် ကုန်သွယ်ရေးဇုန်ကို ရှောင်ကွင်းပြီးတော့ သာမည မှ ကျုံဒိုးကော့ကရိတ်ကို ကွင်းကာ ထော့ကိုကိုးလမ်းမှ ရပ် ကြည့် သွား လာနေကြရပါတယ်။

ကားဆရာတွေလည်း ပိုက်ဆံလိုချင်လို့ သွားလာနေကြရတာတစ်ခုထဲမဟုတ်ပဲ မိသားစုအတွက် နေရပ်ပြန်မည့်ဧည့်သည်တော်များအတွက်လည်း ရဲရင့်ကြရပါတယ်။ ခရီးသည်တွေထဲမှာ ဘုန်းကြီးနှင့် ကိုယ်ဝန်ဆောင်သည်၊ သားသည် မိခင်၊ မြန်မာ၊ မွန်၊ ကရင်၊ တရုတ်၊ ရှမ်း နှင့် တမြေတည်းနေ အဘိုင်နဲ့ အနဲ တို့လည်းပါ ပါတယ်။

အရေးကြီးကုန်ပစ္စည်းများကို ရွှေ့ပြောင်းပေးဖို့ အထားမခံကုန်များအတွက် စိုးရိမ်ကြောင့်ကြနေရတဲ့ လုပ်ငန်းရှင်များ အားလုံးအဆင်ပြေရေးနှင့် ဆန်အိုးထဲမှာကြွက်မူးမနေဖို့အရေး ကရင်ပြည်နယ်က ကားဆရာများ ဟာထေ့ာကိုကိုးလမ်းပိုင်းမှဖြတ်သန်းသွားလာလျှက်ရှိကြပါတယ်။

ထော့ကိုကိုးလမ်းပိုင်းမှာ Probox ဆရာကြီးပါမယ်၊ Misuibishi Expander, Alphard, Highjet, Light truck, Wish, Honda Airwave, Honda Noah, Toyota CROWN အယုတ်အလှအမြတ်မရွေး ကားမျိုးစုံသွားလာနေကြပါတယ်။ ဖော်မြူလာဝမ်း ကားပြိုင်ပွဲဝင်ဖို့ ရည်ရည်ရွယ်ထားရင်တော့ ထော့ကိုကိုးလမ်းကနေ အသုံးပြုသွားလာလို့ရပါတယ်။

ထော့ကိုကိုးလမ်းကို မော်လမြိုင်ကလာမည့်သူများအတွက် မော်လမြိုင် – ဇာသပြင် – အိန္ဒူ – သာမညအကျော် ဝင်းကရင်လမ်း – ဝဲကရင်လမ်းမှ အထဲသို့ ၁၀ မိနစ်ခန့် မောင်းလိုက်ရင် လှိုင်းဘွဲ့မြစ် မွန်ရွာမှာ ၁၀ မိနစ်ခန့် ကူးတို့ဖောင်ကူးရပါတယ်။ သစ်သားဖောင်ကို တိုင်ကီများအောက်ကခံထားပြီး တရုတ်နီ ၂၂ ကောင်နဲ့ ကားအင်ဂျင်တစ်လုံး အင်ဂျင်အသေးတစ်လုံးဖြင့် စုစုပေါင်းစက်သုံးလုံးထိုင်ပြီးတစ်ကြိမ်ခန့်ကိုကား ၃ စီးတင်ဆောင်နိုင်ပါတယ်။

၁၀ မိနစ်ကို ကား ၃ စီးတင်ဆောင်နိုင်သည့်အတွက် တစ်နာရီမှာ ကား ၁၈ စီးခန့်တင်ဆောင်နိုင်ပါတယ်။ Delay ဖြစ်ရင်တော့ ၁၅ စီးခန့်ပါ။ ကားတစ်စီးကိုဖောင်ကူးခ ကျပ် ၃၀၀၀ ပေးရပြီး သဲထိပ်ရင်ဖိုကတော့ သစ်သားဖောင် ဖောင်က မြစ်ရေနဲ့ထိလုနီးပါးဖြစ်ပါတယ်။ အဲဒီအချိန် မြစ်ထဲက အဘွားကလှေကလေးလှော်ပြီး အေးအေးလူလူလှော်ခတ်သွားတော့ဂေါ်တာပေါ့ အဘွားရယ် ဟဟပေါ့။

ဇက်ပေါ်ကဆင်းလာတဲ့လူတွေရဲ့မျက်နှာပေါ်မှာ Stress တွေထက် လိုရာခရီးသွားနေရတုန်းမို့ အပြုံးတစ်ချို့ကိုမြင်ရပါတယ်။ ကူးတို့ဖောင်ဆိပ်ကနေဆင်းတော့ ဒေါ့လန်းရွာကို ရောက်ပါမယ်။ ဒေါ်လမ်းရွာလမ်းက လမ်းကောင်းပါတယ် တစ်ရွာလုံးခြေတံရှည်တွေဖြစ်ပြီး အိမ်ကြီးအိမ်ကောင်း တိုက်အိမ်တွေများပါတယ်။

ဒေါလန်းရွာထိပ်မှာ ညာဘက်ချိုးပြီး ခရီးဆက်လိုက်ရင် ကျိုက်ပေါင်းကျေးရွာရောက်ပါမယ်။ ကျိုက်ပေါင်ရွာမှာ စစ်ရှောင်ဒုက္ခသည်တွေ ဝင်ရောက်တည်းခိုနိုင်သည်ဟု ဆိုင်းပုဒ် တင်ထားပါတယ်။ အဲဒီကမှတစ်ဆင့် ရွေကျိုက်ပေါင်ရွာ – ကော့ပလန် – ညာဘက်ချိုး – နဘူးကတ္တရာလမ်းကို ၁၀ မိနစ်ခန့်မောင်းလိုက်ရင် နဘူးရွာကို ရောက်ပါမယ်။

နဘူးရွာကနေ ၁၀ မိနစ်လောက်မောင်းရင် ထော့ကိုကိုးလမ်း ဒေါနတောင် ကိုတက်ရပါမယ်။ တောင်တက်လမ်း ၄၀ ရာခိုင်နှုန်းလမ်းကောင်းနေပါပြီ။ ရေချောင်း ၂ ခု နှင့် အတက်ကြမ်းတဲ့ ၅ နေရာရှိပြီး လမ်းသားပြင်ကဖုန်ထနေလို့ လမ်းချော်တတ်ပါတယ် ၊ ကားဝိတ်များရင် ဂျန်းတုံးခံပြီး လူများရင် ဆင်းလျောက်သင့်ပါတယ်။

အတက်နဲနဲကြမ်းတဲ့အတွက် ကားအနိမ့်တွေ အထိအခိုက်ဂရုစိုက်ရပါမယ်။ အင်ဂျင်ပါဝါသေးတဲ့ကားအချို့ ဖုန်မပေချင်ရင် အဲကွန်းဖွင့်မောင်းနိုင်ပြီး အတက်ကြီးတဲ့နေရာတွေရောက်တဲ့အခါ အဲကွန်းခေတ္တပိတ်ပြီး မှန်မချပဲ အဲကွန်းလက်ကျန်အအေးဓါတ်အရှိန်လေးနဲ့ အလှမပျက်ချွေးမထွက်အောင် ခရီးဆက်လို့ရပါတယ်။ အင်ဂျင်ပူရင်တော့ စမ်းချောင်းနဲ့ တောင်အတက်တစ်ဝက်မှာ ကားစက်ရပ်ပြီး တောင်ပေါ်မှာ ရေပေးသင့်ပါတယ်။

တောင်ပေါ်မှာ ၆ ဘီး ၁၄ ပေအထိသွားလာနိုင်ပြီး လမ်းကြောင်းတစ်ခုလုံးရဲ့ဘုရင်ကတော့ Hilux Vigo 4WD များနှင့် ကရင်ပြည်နယ်ရဲ့ မင်းသားကြီး Probox တို့ပဲဖြစ်ပါတယ်။

ထော့ကိုကိုးလမ်းအဆုံးကျရင် ကျော်ဒိုးရွာကို ရောက်ပါမယ်။ ရွာဖြတ်ခပေးပြီး အဲဒီကတစ်ဆင့် ရွှေကုက္ကိုလ်ဘေးမှ ဖြတ်ထွက်ပြီး မြဝတီမြို့ထဲသို့ ဝင်နိုင်ပါတယ်။ တောင်ပေါ်မှာကားပျက်တဲ့အခါ လမ်းပိတ်နိုင်တာဂရုပြုပြီး ရေ၊ ထမင်း၊ မုန့်ပဲသားရေစာများ ဆောင်သွားကြဖို့ လိုပါမယ်။

ထော့ကိုကိုးလမ်းပိုင်းမှာ လိုရာခရီးသွားလာနေကြရလို့ ပြုံးရွင်နေတဲ့ ဧည့်သည်တစ်ချို့ကိုတွေ့ရပြီး သူတို့အပြုံးလေးတွေက မောပန်းနေကြပေမဲ့ အရမ်းဖြူစင်ပါတယ်။

စာကြွင်း ။ ဝန်တင်ကြတဲ့ ကားဆရာများနဲ့ ကုန်သည်များဟာ ဝန်နဲ့အားမျှအောင် ကားခံနိုင်ရည် ကုန်အလေးချိန် မတွက်ချက်ကြပဲ သွားလာကြတဲ့ ကုန်ကားတစ်ချိူ့ လမ်းမှာ ဂျန်းတုံးခုပြီးတောင်တက်ရ၊ တောင်ပေါ်မှာ ကားပျက်နေကြတာကို တွေ့မြင်နေရပါတယ်။ (ဘန်ကောက်လမ်းညွန်ကိုစိုင်း)

Leave a Reply

Your email address will not be published. Required fields are marked *