Knowledge

မြေအောက်ရေ အလွန်အကျွံ သုံးစွဲမှုကြောင့် မြေထဲကျွံဝင်လာနေတဲ့ အာဆီယံမြို့ကြီးတွေနဲ့ ရန်ကုန်

မြေထဲကျွံဝင်လာနေတဲ့ အာဆီယံမြို့ကြီးတွေနဲ့ ရန်ကုန်..

မြေအောက်ရေကို အလွန်အကျွံထုတ်ယူသုံးစွဲနေခြင်းက မြို့ပြတွေကျွံဝင်လာမှုကို လျှင်မြန်လာစေခဲ့ရပါတယ်။ တဖက်မှာ ရာသီဥတုပူနွေးလာမှုကြောင့် ရေခဲတောင်တွေပျော်ကာ ပင်လယ်ရေမျက်နှာပြင်ဟာ မြင့်တက်လာနေပါပြီ။ ကမ္ဘာ့မြို့ကြီး ၄၈ မြို့ကိုတိုင်းကြည့်ခဲ့ရာကရတဲ့ သုတေသနစစ်တမ်းအရ.. ပျမ်းမျှမြို့တွေ မြေထဲကျွံဝင်နှုန်းဟာ တစ်နှစ်ကို ၁၆.၂ မီလီမီတာရှိပြီး၊ အချို့မြို့ကြီးတွေက ၄၃ မီလီမီတာအထိ ကျွံကျနေပါတယ်။

ပျမ်းမျှပင်လယ်ရေမြင့်တက်မှုဟာ တစ်နှစ်ကို ၃.၇ မီလီမီတာ ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမြို့ဟာ တနှစ်ကို ၄.၄ မီလီမီတာနဲ့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ဟာ တနှစ် ၁၆.၂ မီလီမီတာ ကျွံဝင်နေပါတယ်။ ဟိုချီမင်းဟာ အလျင်အမြန် မိုးမျှော်တိုက်တွေဆောက်နေလို့ ပိုဆိုးတာပါတဲ့။

စင်ကာပူမှာတော့ ပင်လယ်ရေဟာ တနှစ် ၃-၄ မီလီမီတာ မြင့်လာနေပြီး၊ ၂၁၀၀ ခုနှစ်ရောက်ရင် ၁ မီတာအထိ ရေတက်လာပါလိမ့်မည်။ ဒီကိန်းဂဏန်းဟာ တခါတရံဖြစ်တဲ့ မုန်တိုင်းကာလတွေမှာ အမြင့်ဆုံး ၄-၅ မီတာအထိ ရေတက်တာခံရနိုင်တယ်လို့ ဆိုပါတယ်။

စင်ကာပူ ကမ္ဘာကျော် တက္ကသိုလ်တွေဖြစ်တဲ့ NTU က ဒီသုတေသနကို အချိန် ၇ နှစ်ကြာ ဦးဆောင်လုပ်ခဲ့ပါတယ်။ NUS ပညာရှင်ကတော့ မြေအောက်လွှာတွေထဲကို သုံးပြီးသားရေတွေ မော်တာနဲ့သုံးကာ ပြန်ဖြည့်ပေးကြရမယ်၊ ရေကာနံရံတွေတည်ဆောက်ကြရမယ်လို့ အကြံပြုထားပါတယ်။

ရန်ကုန်ဟာ ယနေ့အချိန်ထိ အစိုးရရေပိုက်လိုင်းမရသေးတဲ့မြို့နယ်တွေ ပေါများပြီး မြေအောက်ရေကိုသာ မှီခိုနေကြရပါသေးတယ်။

သူများတွေ မြေကျွံမှာစိုးလို့ ဘယ်လိုကာကွယ်ကြရမလဲ စတင်လုပ်နေချိန်မှာ မြန်မာဟာ အချင်းချင်း အာဏာလုပွဲနဲ့ အချိန်ကုန်နေကြတာ ယိုသူမရှက် မြင်သူရှက်စရာအဖြစ်ပါပဲ။ Ref – ST (Francis Zin)

Leave a Comment

You cannot copy content of this page