Knowledge

ကုလသမဂ္ဂ လုံခြုံရေ ကောင်စီ နဲ့ လက်ရှိ မြန်မာအရေး ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲ

ကုလသမဂ္ဂ လုံခြုံရေ ကောင်စီ နဲ့ လက်ရှိ မြန်မာအရေး ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲ..

ကုလသမဂ္ဂ လုံခြုံရေ ကောင်စီမှာ ထုံးစံအတိုင်း တရုတ်နဲ့ ရုရှားက ကန့်ကွက်တယ်။ အဲ့ဒါက ဘာဖြစ်လို့လဲ ဆိုတော့ အတွင်းကနေ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အရ Legitimacy ရှိနေဆဲ ဖြစ်တဲ့ အစိုးရက ပြည်တွင်းကနေ တရားဝင် ထုတ်ပြန်တဲ့ သဘောထား မရှိလို့ အပြင်က ဝင်ကူမယ်သူတွေ ကြားခက်ခဲနေရတာ။ ဘယ်လို လုပ်မလဲ ဆွေးနွေးချင်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မဦးဝင်းမြင့်ကို ထိန်းသိမ်းထားပေမယ့် သူတို့ အောက်က မဖမ်းပဲ ကျန်ရှိနေသေးတဲ့ အစိုးရ အဖွဲ့ဝင်တွေက သူတို့ ကိုယ်စား လုပ်ဆောင်လို့ရတယ်။ ကျန်ရှိတဲ့ အစိုးရအဖွဲ့ဝင်လက်ကျန်တွေက ယာယီ ကြားဖြတ် အစိုးရအဖွဲ့ကို ဖွဲ့ရမယ်။ အာ့လို ၂၀၁၅ နဲ့ ၂၀၂၀ ရွေး ကော်ရလဒ်တွေ အရ ဒီ အပြင်မှာ ရှိတဲ့ ယာယီ အစိုးရဟာ Legitimacy ရှိကြောင်း ပြည်သူနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက စာထုတ်ပီး အမျိုးမျိုး ထောက်ခံရမယ်။ နားလည်လွယ်အောင် ပြောရရင် သဘောက အဖွဲ့အစည်းတစ်ခုမှာ လူကြီးတွေ မရှိလို့ ရာထူးငယ်တဲ့ သူကပဲ သူတို့ ကိုယ်စား တာဝန်ယူ အလုပ်လုပ် ပေးရတဲ့ ဟာကို ဥပမာ ပြုနိုင်တယ်။

အမေစုနဲ့ ဦးဝင်းမြင့်ကို ကိုယ်စားပြုပြီး ကိုဗစ် အတွင်း ခရီးမသွားနိင်တဲ့ အတွက် ဆိုပီး Rome စာချုပ်ကို အဝေးရောက် လက်မှတ်ထိုးမှုတစ်ခု ပြုလုပ်ရမယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကော်ရပ်လဒ်အရ အစိုးရကို ကိုစားပြုပီး လက်မှတ်ထိုးနိုင်ကြောင်း ထည့်သွင်းကြေငြာရမယ်။

တစ်ချို့ ဟစ်ပိုကရစ်တွေကလည်း လက်ရှိမှာ ဒီအာဏာသိမ်းမှု ဟာဥပဒေရဲ့ ဘာအပိုင်း ညာအပိုင်း ဘယ်လို ဆိုပီး ဆွေးနွေးနေကြတယ်။ ဒဲ့ ပြောရရင် ဒီလိုအာဏာ သိမ်းတာဟာ ဥပဒေနဲ့ ဘာမှ မဆိုင်ဘူး။ နိုင်ငံတော် ပုန်ကန် သစ္စာဖောက်မှု သက်သက်ပဲ။

အဲဒါကြောင့် ခုဏက ယာယီ အစိုးရ ligitimacy ကိုသုံးဖွဲ့ထားတဲ့ ယာယီအစိုးရက ဒီလုပ်ရပ်ဟာ နိုင်ငံတော် သစ္စာဖောက်မှုအဖြစ် ဥပဒေအရ တရားဝင်ကြေငြာရမယ်။ ကြေငြာချက်ကို မြန်မာ အဂ်လိပ်ပြင်သစ် တရုတ် ရာရှား စပိန် (၆) ဘာသာ နဲ့ ထုတ်ပြန်ရမယ်။

အဲဒီ ထုတ်ပြန်ချက်နဲ့ အတူ ပူတွဲ ထုတ်ပြန်ချက်တစောင် ပါရှိရမယ်။ ပူတွဲ ထုတ်ပြန်ချက်မှာ ရုရှား နဲ့ တရုတ်ကို မြန်မာပြည်အရေး လုံးဝ ဝင်မစွက်ဖို့ မြန်မာပြည် တရားဝင်အစိုးရရဲ့ တရားဝင်သဘော ထားရှိကြောင်း ထုတ်ပြန်ရမယ်။ တပြိုင်နက်ထဲမှာ မြန်မာပြည်အရေးကို တရုတ်နဲ့ ရာရှား မပါဝင်တဲ့ နိုင်ငံတကာ မြန်မာ့အရေး ကော်မရှင် တရပ်ဖွဲ့ စည်းပီး မြန်ပြည်ထဲ ချက်ချင်းလာဖို့ တရားဝင် အစိုးရ တံဆိတ်ထုပြီး ဖိတ်ခေါ်နိုင်တယ်။

ခုခြေအနေမှာ ပြည်ပက ဘယ်သူမှ လာမကူဘူးဆိုပီး ဝါဒ ဖြန့်နေတာတွေဟာ မှားတယ်။ ကူချင်လျက်နဲ့ ကူဖို့ရာ ပြည်တွင်းက အဆင်သင့် လုပ်ပေး မထားလို့ ဒက္ခရောက်နေကြတာပဲ ဖြစ်တယ်။

မြန်မာပြည်ကိစ္စ ခုနက Legitimacy အရေးကြီးမကြီး UN Security Council မှာ ဓမ္မ နဲ့ အဓမ္မ အပြင်း အထန် တိုက်နေကြတယ်။ UK က ပြင်းထန်တဲ့ အဆိုတင်ပါတယ်။ တရုတ်နဲ့ ရာရှားကကန့်တယ်။ ပြဿနာက သူတို့ ကန့်ကွက်စရာ ground မရှိဘူး၊ Legitimate မဖြစ်လို့။ ဒါတောင် တတ်နိုင်သလောက်ဖြစ်အောင်လုပ်ထားတာ။ အဓိကက Legitimate မဖြစ်မှုကို တည်ပြီးချနေတာ။

ကိုယ့်ဘက်က အားမစိုက်ရင် သူတို့ ကူညီလို့မရဘူး။ လုပ်နိုင်တဲ့ သူတွေက ပညာတတ်တဲ့ သူတွေ နဲ့ တိုင်ပင်ပီး ကျကျနန လုပ်ရင် တိုင်းပြည်ရဲ့ ရန်သူဆိုတာ အုံလိုက်ကြီး တောင်ကျွတ်ထွက်သွားဦးမယ်။ မှန်ကန်တဲ့ လမ်းကြောင်း ပ်ေလျောက်လှမ်းနိုင်ပီး ဥာဏ်ပညာနဲ့ ချစ်ခြင်းတရား ထွန်းကားတဲ့ တိုင်းပြည် ဖြစ်ပါစေ။

Kyi Thar Phone Sai Win Myint

Leave a Comment

You cannot copy content of this page