News

လာမယ့် (၃) ရက်အတွင်း မြန်မာပြည် အောက်ပါဒေသများ မိုးကြီးနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

မြန်မာနိုင်ငံ တိုင်းဒေသကြီး နဲ့ ပြည်နယ် အနှံ့မှာ လာမယ့် သုံးရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ တိုင်းထွာချက်တွေအရ အရှေ့ဘက်က လာတဲ့ အပူပိုင်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်တာတွေ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းတို့ကြောင့် လာမယ့် စက်တင်ဘာ (၁၉) ရက်ကနေ စက်တင်ဘာ (၂၂) ရက်အတွင်း မိုးကြီးနိုင်တာပါ။

မိုးကြီးနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Leave a Comment

You cannot copy content of this page