Knowledge

“ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတစ်ခု” (စစ်ဘုရင်ကြီး နပိုလီယံနှင့် ဉပမာ)

ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတစ်ခု..

တစ်ခါက နပိုလီယံ စစ်ချီတဲ့အခါမှာ ရန်သူတပ်က လမ်းမှာပိတ်ဆို့နေတယ်။ ရပ်သူတပ်ရဲ့ အင်အားကလဲ သူ့ရဲ့ အင်အားထက်များနေတယ်။ ရန်သူ့အင်အားက (၃၀၀) လောက်ရှိတယ် သူတို့က အင်အား (၇၀) လောက်ပဲရှိတယ်။

အဲဒီအချိန်မှာ ရှေ့ကိုတက်ပြီး ရန်သူ့သတင်းရယူတဲ့ ကင်းထောက်တပ်သားက နပိုလီယံကို ” ရှေ့မှာ ရန်သူ့အင်အား (၃၀၀) လောက်နဲ့ လမ်း ကို ပိတ်ဆို့ထားတယ် ” လို့ သတင်းပို့လိုက်တယ်။

အဲဒီအခါမှာ နပိုလီယံက သူရဲ့ တပ်သားတွေဘက်လှည့်ပြီး ” အတော်ပဲဟေ့.. သတင်းကောင်းတော့ ရပြီ ရှေ့မှာ ရန်သူ့ရိက္ခာ (၃၀၀) လောက် ရောက်နေပြီတဲ့။ ငါတို့မှာလဲ ရိက္ခာပြတ်နေပြီ။ မင်းတို့ဟာ စစ်တိုက်စွမ်းရည် ကောင်းကြတဲ့သူတွေဖြစ်တယ်ဆိုတာ အရင်ကတည်းက ငါသိခဲ့တယ်။ အဲဒီတော့ ရိက္ခာအတွက် ဘာမှ မပူရတော့ဘူး ဒီကောင်တွေဆီမှာ သွားလုရမယ် ” လို့ ပြောလိုက်တယ် ။

ခေါင်းဆောင်တစ်ယောက်ရဲ့ ဒီလိုချီးကျူးသံကြားလိုက်ရတဲ့ စစ်သားတွေဘယ်လိုဖြစ်သွားပါသလဲ..

သေချာတာပေါ့ ချက်ချင်းစိတ်ဓာတ်တက်ကြွသွားပြီး ကိုယ့်ထက်အင်အား ၄ ဆကျော် ကြီးမားတဲ့ ရန်သူတွေကို အစွမ်းကုန်တိုက်ပြီး အောင်ပွဲကိုယူနိုင်ခဲ့ပါတယ်။ ရိက္ခာတွေကိုလည်း သိမ်းနိုင်ခဲ့တာပေါ့။

နပိုလီယံရဲ့ စကားထဲက မင်းတို့စစ်တိုက်စွမ်းရည်ကောင်းတယ် ဆိုတဲ့စကားဟာ သူ့တပ်သားတွေ မှတ်မှတ်ထင်ထင်ချီးကျူးလိုက်တာပါ။ ဒါဟာ သူရဲ့စွမ်းရည်ထဲက တစ်ခုပေါ့။ ဒါကြောင့်လည်း နပိုလီယံရယ်လို့ နာမည်ကျော်ခဲ့တာပေါ့။

ဒါကြောင့် အောင်မြင်မှုရချင်တဲ့ ခေါင်းဆောင်တွေအတွက် ကိုယ့်လက်အောက်ငယ်သားတွေကို ချီးကျူးခြင်း အတတ်ဟာလည်း မဖြစ်မနေလို အပ်တဲ့ အရည်အသွေးတစ်ခုပဲ ဖြစ်ပါတော့တယ်။

Leave a Comment

You cannot copy content of this page