News

ရန်ကုန် မြောက်ဥက္ကလာပမှာ ပျောက်သွားတဲ့ Suzuki Ertiga ကား ကျပ်သိန်း (၄၀) နဲ့ ပြန်ရွေးလိုက်ရ

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ ကားအခိုးခံရတဲ့ ကားပိုင်ရှင်တစ်ဦးဟာ ကားခိုးယူသွားသူဆီကနေ ကျပ်သိန်း (၄၀) နဲ့ ပြန်ရွေးလိုက်ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမှာ နေထိုင်သူတစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ Suzuki Ertiga အမျိုးအစား ကားတစ်စီး ခိုးယူခံရပြီးနောက်မှာ ကားခိုးယူသူတွေက ‌ကားပိုင်ရှင်တွေဆီ ဆက်သွယ်ငွေတောင်းယူမှု ဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို ကူညီခဲ့တဲ့ ကိုအရည်ကြိုက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

“မနေ့က မြောက်ဥက္ကလာမှာ ခိုးခံရတဲ့ ကားပိုင်ရှင်က ကားသူခိုးဆီက သိန်း (၄၀) နဲ့ ရွေးလိုက်ရတယ်လို့ သိရပါတယိ ကားမနေ့ညက ပြန်ရပါတယ်.. အသေးစိတ်ကတော ပိုင်ရှင်က ပြောမပြလို့ မသိရသေးပါဘူး.. ကားပြန်ရသွားတော့ မနက်ကျရင် အကြိုအကြောင်းအသေးစိတ်ပြောပြမယ်ဆိုပီး ခုထိမပြောပြသေးပါဘူး.. အရေးမကြီးပါဘူး ကားပိုင်ရှင်တွေက ကားမရခင်တစ်မျိုး ရပီးသွားရင် တစ်မျိုုးပါ.. အရေမကြီး အဲ့ဒါတွေက.. စဉ်းစားမိတာက ဆူဇူကီးရဲ့ Smart Key ကို ခိုးတာဆိုတော့ ဘယ်လိုခိုးလဲပေါ့နော် အဲ့ဒါဘဲ သိချင်တယ် သူခိုးရယ်..” (ချစ်ခြင်းများစွာဖြင့် အရည်ကြို)

ကားခိုးယူသူတွေက ဝပ်ရှော့မှာ ကားကို ဖျက်ဖို့အတွက် (၃၈) သိန်းနဲ့ လာရောင်းထားပြီး ပိုင်ရှင်အနေနဲ့ လာရွေးမယ်ဆိုပါက (၃၈) သိန်းနဲ့ လာရွေးဖို့ ဆက်သွယ်ပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ကားပိုင်ရှင်ကို ပိုက်ဆံနဲ့အတူ မြန်မာပလာဇာ တံတားအပေါ်ကို လာရောက်ဖို့ ချိန်းဆိုတာကြောင့် ကားပိုင်ရှင်အမျိုးသမီးဟာ သွားရောက်စောင့်ဆိုင်းနေစဉ် လူငယ်နှစ်ဦးက Taxi တစ်စီးနဲ့ ငွေထုတ်ကို ယူဆောင်သွားပြီး ပိုင်ရှင်ရဲ့ ကားကို တစ်နေရာမှာရပ်ထားပြီး ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

ကားပိုင်ရှင်အနေနဲ့ ရဲကို အမှုဖွင့်ရရင် အချိန်ကြန့်ကြာနေမှာနဲ့ ကားပြန်မရမှာကို စိုးရိမ်တဲ့အတွက် အမှုမဖွင့်ခဲ့ဘဲ အခုလို သူခိုးဆီက ကျပ်သိန်း (၄၀) နဲ့ ပြန်ရွေးယူခဲ့ရတာလည်း ဖြစ်ပါတယ်။

မှတ်ချက် – နံပါတ်ပြားဖြုတ်ပီး မှောင်နေတဲ့ ဓါတ်ပုံတွေက သူခိုးက ကားပိုင်ရှင်ကို ရိုက်ပီးပြတဲ့ ဓါတ်ပုံတွေပါ

Leave a Comment

You cannot copy content of this page