Knowledge

နာဂစ်၊ ကိုဗစ်နဲ့ အမျိုးဘာသာ သာသနာ

နာဂစ်၊ ကိုဗစ်နဲ့ အမျိုးဘာသာ သာသနာ..

နာဂစ်တုန်းက အမျိုးနဲ့ဘာသာကို အရမ်းချစ်ပါတယ်လို့ အခုထိ တဖွဖွအော်နေတဲ့အဘတွေက ဝင်ခွင့်မပြုခဲ့လို့ နိုင်ငံတကာက ရိက္ခာ ဆေးဝါး ရွက်ဖျင်တဲတွေပါတဲ့လေယာဥ်ကြီးတွေဟာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှာ Line Up ထိုးပြီး သောင်တင်နေခဲ့တယ်.. ဝင်ခွင့်ရဖို့ ကန့်သတ်ချက်တွေများခြင်း ၊စောင့်ရတဲ့ရက်တွေကြာခြင်း တို့ကြောင့် တစ်ချို့လေယာဥ်တွေ ပြန်ထွက်သွားခဲ့ကြတယ်..

ကိစ္စမရှိဘူး အသားကိုငါးစားပြီး အရိုးရေထဲကျသွားလိမ့်မယ်လို့ အမျိုးနဲ့ဘာသာကို အရမ်းချစ်တယ်ဆိုတဲ့ အဘတွေက ပြောခဲ့ကြတယ်.. ချောင်းကြားမြောင်းကြားမှာ ကန်စွန်းရွက်ခူးပြီး ငါးရှာစားလို့ သူတို့ပြောခဲ့ကြတယ်..

ဧရာဝတီတိုင်းက မိန်းမပျိုနှစ်သိန်းလောက် ကေတီဗီ၊ မာဆက်သမဘဝ ရောက်သွားတာကို နှစ်အကူးမှာ ပုရစ်ဖူးဝေလိမ့်မယ်လို့ပြောရင်း သိန်းကျော်တန်အရက်ခွက်ကိုမော့ကာ ရီဝေသောမျက်လုံးတွေနဲ့ သူတို့ပြုံးပြုံးကြီး ထိုင်ကြည့်နေခဲ့ကြတဲ့အတိတ်တွေကို ကျနော်တို့ဖြတ်သန်းခဲ့ဖူးကြတယ်..

ပြည်သူတွေဘယ်လောက်သေသေ နေနိုင်သူတွေနေခဲ့ကြပေမဲ့ မနေနိုင်သူက ပြည်သူအသက်ရှည်ဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေခဲ့တော့ ဒီကနေ့မှာ အန္ဒိယက ကိုဗစ်ကာကွယ်ဆေးလေယာဥ်ကြီးတွေ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာခဲ့ပြီ.. နောက်ထပ်လည်း တဖွဲဖွဲဆိုက်ရောက်တော့မယ်..

အမျိုးဘာသာနဲ့လုပ်မစားတက်ပေမဲ့ ပြည်သူကိုထိရင် မချိအောင်နာတဲ့ရင်ခွင်ထဲမှာ ကျနော်တို့နောင်နှစ်ပေါင်းများစွာ ဆက်နေချင်ပါသေးတယ်.. (N Kham Aung)

Leave a Comment

You cannot copy content of this page