News

နာဂစ်တုန်းက အခြေအနေအတိုင်း ဖြစ်လာပြီ၊ ကိုဗစ် ကာကွယ်ဆေး လာပို့တဲ့ လေယာဉ် ဆင်းခွင့်မရ

နာဂစ်တုန်းက အခြေအနေအတိုင်း ဖြစ်လာပြီ၊ ကိုဗစ် ကာကွယ်ဆေး လာပို့တဲ့ လေယာဉ် ဆင်းခွင့်မရ..

နာဂစ်တုန်းက မြန်မာပြည်အတွက် အကူအညီပစ္စည်းတွေ သယ်လာတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေ အဝင်မခံလို့ ပြန်လှည့်သွားရတဲ့ ပုံပြင် ခင်ဗျားတို့ကြားဖူးတယ် မဟုတ်လား..

ခုကိုဗစ် ဖြစ်ချိန်မှာ အမေရှိနေချိန်က အရှေ့တောင်အာရှမှာ စင်္ကာပူနဲ့အပြိုင် ကာကွယ်ဆေးထိုးနိုင်ခဲ့တဲ့နိုင်ငံ.. အိမ်နီးချင်းထိုင်းကိုကျော်ပြီး ကိုဗစ် ကာကွယ်ဆေးအရင် ထိုးခွင့်ရလို့ သူတို့နိုင်ငံသားတွေတောင် လေးစားအားကျ ခံခဲ့ရတဲ့နိုင်ငံ.. ဒင်းတို့လက်ထဲရောက်တာ ၂ ရက်မပြည့်ခင် အိန္ဒိယက ကတိအတိုင်း ကျန်နေသေးတဲ့ ကာကွယ်ဆေးတွေ ဒုတိယအကြိမ် လာပို့တဲ့ လေယာဉ်ကို အဆင်းမခံပဲ တိုက်လေယာဉ်တွေနဲ့ မောင်းထုတ်လိုက်ပါပြီတဲ့..

NOTAM ထုတ်တယ်ဆိုတာ ဒီကွင်းကိုဆင်းလို့မရဘူး Hazards Zone အဖြစ်သတ်မှတ်ထားတယ်.. ဆင်းပြီးရင် ပြန်တက်လို့မရဘူး.. အကုန် Information ရော လူရော လေယာဥ်ရော အပျောက်ပဲ.. အဲ့လိုထုတ်တာ သိသိရက်နဲ့ India ဟာ မြန်မာကို ဒီနေ့ကာကွယ်ဆေးပေးရမယ့်ရက်ဖြစ်လို့လာတယ်.. မှာထားတာတောင်လာမပို့ဘူးဆိုပီး အရှေ့တောင်အာရှမှာ ပြောစရာဖြစ်သွားမှာကြောင့် သူ့တာဝန်အတိုင်းလာပို့တယ်.. ဒီကဟာတွေက Landing ပေးမလုပ်ဘူး.. ဟိုကလဲဆင်းမရတော့ ပတ်နေတာကို ဒီကသာဝတို့က တိုက်လေယာဥ်တွေ တစီးပီး တစ်စီးတက်နဲ့..

ကိုယ်က သိလို့တတ်လို့တော့ မဟုတ်ဘူး.. သိသလောက်လေးပြောပြတာပါ.. သူတို့ယုတ်မာတာ ပြည်သူတွေထိုးဖို့ ကာကွယ်ဆေးကိုတောင် ယုတ်မာချက်.. ပြောစရာစကားကိုမရှိတော့ဘူး..

Myat Moe Thu

Leave a Comment

You cannot copy content of this page