Knowledge

ယခုလိုကာလမှာ ဆိုင်ကယ်သူခိုးတွေ ရန်ကနေ ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းများ

ယခုလိုကာလမှာ ဆိုင်ကယ်သူခိုးတွေ ရန်ကနေ ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းများ..

သူခိုးက ဆိုင်ကယ်တစီးကို ခိုးဖို့ CCTV မှတ်တမ်းတွေ အရ အချိန်ခနပဲ ကြာပါတယ်.. ယခုလို သော့ခတ်ထားရင် ခိုးယူဖို့ အချိန်တခုတော့ကြာမှာပါ။ ဆိုင်ကယ်သူခိုးများသည် ဇတ်သော့အား ခြေထောက်ဖြင့် တွန်းကန်ကာ ဇတ်သော့ကို ၂ စက္ကန့်အတွင်း ကျိုးသွားအောင် လုပ်ပြီး ဆိုင်ကယ်ကို တွန်းသွားခြင်း နောက်ထပ် ဆိုင်ကယ်ဖြင့် ခြေဖြင့်ကန်မောင်းသွားခြင်း စသဖြင့် ခိုးကြရာတွင် (CCTV) ကင်မရာမှ မြင်ရသော်လည်း ဘာမှ ပြန်လုပ်ယူ၍ မရတော့ခြင်း မဟုတ်ဘူးလား? (GPS) တပ်ထားသော်လဲ ခိုးယူသည့်အချိန် အလျင်မြန် လိုက်နိုင်မှ တော်ကာ ကျခြင်း။ အဲ့တော့ ကျနော်တို့ အစထဲက ခိုးဖို့ မလွယ်အောင် ခိုးဖို့အချိန်ကို သူခိုးအတွက် အချိန်များများ မရအောင်ယခု နည်းလမ်းက အဆင်ပြေ မလားလို့ပါ။

ရှေ့ဘီး ဒစ်ဘရိတ်သံကွင်းက အပေါက်လေးတွေမှာ အိမ်သော့ အသေးလေးကို ခတ်ထားလိုက်ပါ.. တော်ရုံအချိန်နဲ့ ဘယ်လိုမှ ခိုးလို့မရပါ။ ဆိုင်ကယ်ကို တွန်းသွားလို့လည်း မရပါ။ ဇတ်သော့ ကျိုးသွားခဲ့ရင်တောင် ဆိုင်ကယ်ကို ထားခဲ့မှဘဲ ရပါ့မယ်။ သယ်ရတာလဲ လွယ်ပါတယ် သော့တလုံးမှ ၂၀၀၀ / ၃၀၀၀ လောက်ပဲရှိပါတယ်။

ဘယ်သူ ဘာပြောပြော ဇတ်သော့ကို ညာဘက်စောင်းခတ်ကြပါ (ဘယ်ဘက် စောင်းခတ်ရင် ခြေဖြင့်ကန်ချိုးရ လွယ်လို့ပါ)။

ဂီယာဘီး တွေဆိုရင် ဂွထောက်ကြီး ထောက်ပြီးတော့ ဂွထောက်ရဲ့ကွင်းမှာ သော့ခလောက် ခတ်ထားလိုက်ပါ။

လက်ဖက်ရည်ဆိုင် ထိုင်ရင် ဆိုင်ကယ်ကို မြင်ရတဲ့နေရာမှာထိုင်ပါ။

ပြောချင်တဲ့သူ ပြောပစေ ဆိုင်ကယ်ကို ရှေ့ဘီးသံကွင်းမှာ အိမ်သော့ခလောက် ခတ်ထားပါ။ ပျောက်သွားရင် ဘယ်သူမှ လာလျော်ပေးမှာမဟုတ်လို့ပါ (သော့ခလောက်ခတ်တာကို လူတွေမြင်ရင်ရှက်တယ်ဆိုတဲ့သူတွေရှိလို့ပါ)

ဇတ်သော့ခတ်တဲ့အခါ ဇတ်ကို ညာဘက် စောင်းခတ်ကြပါ..

ယခုလို ကာလကြီးမှာ စစ်ဘေးရှောင်လိုမျိုး ကိုယ့်အိမ်ကနေ အဝေးကို အချိန်ကြာကြာ သွားရလို့ ဆိုင်ကယ်တွေ မယူသွားနိုင်ရင် ခိုးဆိုးလုနှိုက်တွေရဲ့ ရန်ကို စိုးရိမ်ရပါတယ်။ လူတွေ မရှိတော့ဘူးဆိုတာနဲ့ ဖောက်ထွင်းမယ့်သူတွေက အလိုလို ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် တန်ဖိုးရှိ ပစ္စည်းတွေကို ကိုယ်နဲ့ မကွာ ထားပြီး သယ်ရခက်တဲ့ ဆိုင်ကယ်လို ပစ္စည်းမျိုးကတော့ အိမ်မှာပဲ ထားခဲ့ရဖို့ များပါတယ်။

တကယ်လို့ ဆိုင်ကယ်များ အိမ်မှာချန်ထားမိရင် ဆီအကုန်ဖောက်ချထားလိုက်ပါ။ ပြီးတော့ ရှေ့နောက်ဘီးတွေကို ဖြုတ်ထားလိုက်ပါ။ သူခိုးတွေက ဆီအပိုမယူလာသလို ဘီးလည်း အပိုမယူလာဘူး။ ကားနဲ့လိုက်သယ်ပြီး ခိုးရင်တော့ မပြောတတ်ဘူး။ နည်းနည်းတော့ အထောက်အကူ ဖြစ်တာပေါ့။

ဖြစ်နိုင်ရင် အင်ဂျင်ကိုပါ စက်နှိုးလို့ မရအောင် မီးလိုင်းတွေပါ ဖြုတ်ထားခဲ့ရင် ပိုအဆင်ပြေပါတယ်။

အထက်ပါ နည်းလမ်းတွေကတော့ အိမ်မှာထားခဲ့ရတဲ့ ဆိုင်ကယ်တွေ သူခိုင်းရန်ကနေ ကာကွယ်နိုင်မယ့် နည်းလမ်းများ ဖြစ်ပါတယ်။ မိမိအိမ်ကနေ စွန့်ခွာ ထွက်ပြေးရတဲ့သူတွေ အမြန်ဆုံး အိမ်ပြန်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Comment

You cannot copy content of this page