News

နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံသို့ သေဆုံးပြီး ရောက်ရှိလာသည့် ဒုချုပ်တဦးတွင် ကိုဗစ်ပိုးတွေ့

နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံသို့ သေဆုံးပြီး ရောက်ရှိလာသည့် ဒုချုပ်တဦးတွင် ကိုဗစ်ပိုးတွေ့..

နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံသို့ သေဆုံးပြီး ရောက်ရှိလာသည့် ဒုချုပ်အငြိမ်းစားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်းသိရသဖြင့် မိသားစု၀င်များကို ဆေးရုံတွင် အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။

နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်၀ဏ္ဍစိုးက “ဟုတ်ပါတယ်။ သူသေဆုံးအဖြစ် ဆေးရုံရောက်လာလို့ ဓါတ်ခွဲနမူနာယူစစ်ကြည့်လိုက်တော့ ပိုးတွေ့တာပါ။ ကိုဗစ်ကြောင့် သေဆုံးတာ ဟုတ်၊ မဟုတ်က ပြောရခက်ပါတယ်။ အခုလောဆယ်တော့မိသားစု၀င်တွေကို ဆေးရုံကွာရန်တင်းထားထားပါတယ်” ဟု ပြောပါသည်။

၎င်းဒုတိယညွန်ကြားရေးမှူးချုပ်သည် မကြာသေးမီက အငြိမ်းစားယူခဲ့ခြင်းဖြစ်ပြီး ယခုသေဆုံးမှုကြောင့် ၎င်းနေထိုင်ခဲ့ရာ အိမ်အနီးအနားကိုလည်း အသွားအလာကန့်သတ်ထားကြောင်းသိရသည်။

စက်တင်ဘာ ၂၀ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၅၂၆၃ ဦး၊‌ သေဆုံး ၈၁ ဦး၊ ဆေးရုံဆင်းရသူ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

Leave a Comment

You cannot copy content of this page