News

“KBZ ဘဏ်၊ KBZ Pay လက်မခံတော့ပါ” ကြေငြာချက် နောက်ဆက်တွဲနှင့် ကိုယ်ပိုင်လုပ်ငန်းတွေရဲ့ အဆုံးသတ်

KBZ Bank/ KBZ pay လက်မခံတော့ပါ..

ဘာဆို ဘာမှ မပြောချင်တော့ပါလို့ အစပျိုးလိုက်မယ်နော်။ အဲလို ပြောပြီဆို သိလိုက်တော့နော်.. ကျွန်တော်များ လေယာဉ်လက်မှတ်ရောင်းပါတယ် ခင်ဗျာ။ ငွေအရင်းအနှီးနည်းနည်း ငွေလေးပိစိသေးသေးလေးနဲ့ လုပ်ငန်းလည်ပတ်နေရတာပါခင်ဗျာ။

ဒီနေ့ AIR KBZ ကြေငြာချက်အသစ်ထွက်လာပါတယ်။ သူ့ကြေငြာချက်က ဒီလိုပါတဲ့။ ကျွန်တော်များ လေယာဉ်လက်မှတ်ရောင်းတဲ့ Travel Agent က AIR KBZ ကို ငွေသွင်းစရာရှိရင်တဲ့။ KBZ Bank မှ လွဲပြီး ကျန်တဲ့ ဘယ်ဘဏ်မဆို လက်ခံပါတယ်တဲ့ခင်ဗျာ။ အဲ့ကြေငြာချက်က ကျွန်တော်များ လုပ်ငန်းသေးကို မင်းတို့ မြန်မာပြည်မယ် အလုပ်မလုပ်နဲ့တော့လို့ မပြောရုံတမယ်ပါပဲခင်ဗျာ။ ရှင်းပြပေးမယ်နော်။

အနှစ်ချုပ်ပြောရရင် ကျွန်တော်များ Travel Agent တွေက Customer ဆီက KBZ Bank/KBZ Pay ကို လက်ခံပြီး အဲ့ငွေကိုတော့ လေကြောင်းလိုင်းကို ပြန်ပေးမရဖြစ်နေတာပါခင်ဗျာ။ မြန်မာပြည်မှာ Pay တွေထဲမှာ ဘယ်ဟာ အသုံးများလဲဆိုတော့။ မူလ ပထမတော့။ Wave Pay ကို အနယ်အနယ် အရပ်ရပ်။ တောရော မြို့ပါ သုံးကြတယ်။ သုံးရလွယ်တယ်။ နောက်တော့ KBZ pay သုံးလာကြတယ်။ Wave Pay နဲ့ အပြိုင် လိုက်လာတယ်၊ နောက်ပိုင်းမှာ KBZ pay ကို ပိုတောင်သုံးလာကြတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက KBZ pay က Marketing အရမ်းကောင်းခဲ့တယ်။ ကိုယ်တွေရဲ့ Customer တွေ လေယာဉ်လက်မှတ်ဝယ်တယ်။ ရုံးကို လူကိုယ်တိုင် ပိုက်ဆံလာရှင်းတာ နည်းတယ်။ Viber/Facebook/Phone ကနေ ဆက်သွယ်တယ်။ Payment ကျတော့ KBZ/CB/AYA အများကြီးရှိတဲ့အထဲက KBZ ကို အသုံးများတယ်။ KBZ ဘဏ်ထက်ကို KBZ pay ကို အသုံးများတယ်။

Travel Agent တွေက လက်မှတ်ရောင်းဖို့ဆိုရင် လေကြောင်းလိုင်းတွေကို Deposit ငွေဆိုပြီး ကြိုတင် ထည့်ထားရတယ်။ AIR KBZ နဲ့ KBZ Bank က မိတ်ဖက်တွေတဲ့။ အရင်ကတည်းက AIR KBZ က ငွေပေးစရာရှိရင် KBZ Bank ပဲ။ Customer အများစုက KBZ pay ကိုပဲ သုံးတာဆိုတော့။ ငွေရတော့လည်း KBZ , ပြန်ပေးစရာရှိတော့လည်း KBZ ။ အိုကေပေါ့ ခုကျတော့ KBZ Bank မှ လွဲပြီး ကျန်တဲ့ ဘယ်ဘဏ်မဆို လက်ခံပါတယ်တဲ့ခင်ဗျာ။

အဲ့ကြေငြာချက်ကို AIR KBZ ကနေ သူတို့ Facebook/ Viber/ Telegram နဲ့ အများသူငှာကိုတော့ မကြေငြာဘူး။ ဘယ်နှယ့် လက်မှတ်ကိုယ်စားလှယ်ကိုတော့ KBZ Bank ကနေ လက်မခံဘူး ပြောပြီး တိုက်ရိုက် Customer တွေကိုတော့ ဘာမှမပြော ဆိုတော့ ။ Customer နဲ့ Travel Agent ကို ရန်တိုက်ပေးသလိုဖြစ်နေပြီ။ တော်ရုံ အခက်အခဲဆို ပြောမနေပါဘူးနော်။

KBZ Bank မှာရော ငွေတွေက အကန့်အသတ်နဲ့ ထုတ်လို့ရနေပြီလား။ တပတ်ကို ၅ သိန်းလား ၁၀ သိန်းလား။ KBZ Pay ကနေရော ငွေထုတ်တာက။ တခါထုတ် ၅ သိန်း၊ ၅ သိန်းမှာ ၄၀၀၀ က charges ပေးရသေးတယ်။ ကဲ နောက်ဆုံး charges တွေ မပြောတော့ဘူး။ KBZ Pay ကနေ လိုသလောက်ထုတ်လို့ ရလားဆို မရပါဘူးနော်။

ခုတလော မြင့်တက်လာတဲ့ လက်မှတ်ဈေးနှုန်းလေးတွေလည်း ကြည့်ဦး ရန်ကုန် မှ မြစ်ကြီးနား AIR KBZ- 203000 , 223000 , 252000 , တစ်ယောက်ကို ၂ သိန်း ၊ သွားပြန်ဆိုရင် ၄ သိန်း။ ၃ ယောက်သွားမှာဆိုတော့ ၁၂ သိန်းဖြစ်နေပြီ။ ဒီ ၁၂ သိန်းကို KBZ Bank/KBZ Pay ကနေ ဘယ်လို ပြန်ထုတ်ယူမလဲ။

KBZ Bank ကနေ တခြားဘဏ်ကို (Bank to Bank) ပြန်လွဲဖို့ရော။ အဲဒါလည်း အကန့်အသတ်နဲ့နော်၊ တပတ်ကို ၁၀ သိန်းလားပဲ။ ပြီးတော့ KBZ Bank ကို လူကိုယ်တိုင်သွားရတာနော်။ KBZ Bank Mobile Banking ကနေ အိမ်မှာထိုင်လုပ်လို့ မရဘူး။ တခုခုလုပ်မယ်ဆို ဒီလိုလုပ်လိုက်တဲ့အတွက် end user အထိ ဘယ်လောက်ထိခိုက် ဆုံးရှုံးသွားလဲ။ အကျိုးထက် အပြစ်ပိုများနေသလား။ ကိုယ်အဆင်ပြေပြီးရော ကျန်တဲ့သူ ဘယ်လိုဖြစ်ဖြစ်လား။

ဒီလိုတွေပြောလို့ တခြား လေကြောင်းလိုင်းတွေလည်း အဆင်ပြေနေတယ် မထင်ပါနဲ့နော်။ Payment ကို ဘယ်ဟာနဲ့ပဲ ရတယ်။ ဒီဟာနဲ့ပဲ ရတယ်တို့ တချို့လေကြောင်းလိုင်းတွေ ရှိပါတယ်နော်။ အရင်ကတော့ ခံသာနေတာပေါ့။ AIR KBZ ကပါ ခုလိုဆိုတော့ အလုပ်ဆက်လုပ်လို့ မရတော့ပါ။ AIR KBZ အနေနဲ့ တိုက်ရိုက် Customer များကိုသော်လည်းကောင်း၊ တိုက်ရိုက် Customer မဟုတ်တဲ့ ကျွန်တော်များ Travel Agent အသေးလေးတွေကိုသော်လည်းကောင်း ငဲ့ကြည့်သင့်ပါတယ်လို့။

AIR KBZ အပါအဝင် ကျန်တဲ့ လေကြောင်းလိုင်းများလည်း Travel Agent တွေရဲ့ Payment ကို Channel ပေါင်းစုံမှ လက်ခံပေးပါရန် မေတ္တာရပ်ခံပါတယ်။ သက်ဆိုင်တာဝန်ရှိ လူကြီးမင်းများလည်း အောက်ခြေမှာ ဖြစ်ပျက်နေတာကိုလေ့လာဆန်းစစ်ပြီး စီးပွားရေး လုပ်ငန်းတွေ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးသင့်ကြောင်းပါ။ လုပ်ငန်းတူ Travel Agent များလည်း များများ Speak out ပေးဖို့ တောင်းဆိုပါတယ်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်ခင်ဗျာ။

KBZ Bank/KBZ pay လက်မခံတော့ပါလို့ စာတန်း ချိတ်ရတော့မှာလားဗျာ။ အဆုံးသတ်မှာတော့ ကျွန်တော်တို့လို လုပ်ငန်းသေးလေးတွေ ရပ်နားလိုက်ရတော့မလားဗျာ။ အားလုံးပဲ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေလွယ်ကူချောမွေ့ပါစေဗျာ..

Edited – အခု ၁၉ ရက်နေ့က ကြေငြာချက်ကို စာထုတ်ပြီး ပယ်ဖျက်တယ်လို့ ပြောပါတယ်။

Leave a Comment

You cannot copy content of this page