ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ ဓာတ်အားသုံးစွဲသူများသို့ အသိပေးပန်ကြားချက်
ဓာတ်အား သုံးစွဲသူ ပြည်သူများ ၂၀၂၁ ခုနှစ် ၊ ဩဂုတ်လတွင် သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရမည့် နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက် (၁၆.၁၁.၂၀၂၁)ရက်နေ့ ဖြစ်ပါသည်။ ဓာတ်အားခ ပေးသွင်းနိုင်ရန်အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများရှိ ငွေသွင်း ကောင်တာများတွင် ပိတ်ရက်မရှိ ပေးဆောင်နိုင်သည့်အပြင် အောက်ပါ Mobile Application များ အသုံးပြု၍ ပေးဆောင်နိုင်ရန် စီစဉ်ထားရှိပါကြောင်း နှိုးဆော် အသိပေးကြေငြာ အပ်ပါသည်။
(၁) မြန်မာအရှေ့တိုင်းဘဏ် (MOB)
(၂) ယူအေဘီဘဏ် (UAB)
(၃) သမဝါယမဘဏ် (CB)
(၄) ကမ္ဘောဇဘဏ် (KBZ)
(၅) ဧရာဝတီဘဏ် (AYA)
(၆) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)
(၇) Internet Wallet Myanmar Ltd (OK$)
(၈) Mytel Wallet International Myanmar (Mytel Pay)
(၉) Myanmar Mobile Money (MMM)
(၁၀) Tun Commercial Bank LTD (TCB)