Knowledge

ပင်စင်စား တဦး၏ ပီတိများနှင့် ဘဝ၏ စိတ်အချမ်းသာဆုံး အချိန်များ (ဦးသန်းရွှေသမက် ဒေါက်တာနေစိုးမောင်)

ပင်စင်စား တဦး၏ ပီတိများနှင့် ဘဝ၏ စိတ်အချမ်းသာဆုံး အချိန်များ..

နေမောင် အသက် ၆၀ ပြည့်တော့ ပါချုပ်ဘဝက အနား ယူသည်။ မိတ်ဆွေ နိုင်ငံခြား တက္ကသိုလ်မှ ပါချုပ်ကသူတို့ တက္ကသိုလ်တွင် ၆၅ နှစ်ထိ လုပ်ခွင့်ရှိသဖြင့် လာလုပ်ရန် ကမ်းလှမ်းသည်။ လစာကလည်း ကိုယ်ဆီကနှင့်စာလျင် မက်လောက်စရာကောင်းသည်။

နှစ်ပေါင်းများစွာတပ်ဘက်၊ အရပ်ဘက် အစိုးရဝန်ထမ်း အဖြစ် ကျင်လည်ခဲ့ဘူးပြီ၊ လစာကောင်းနိုင်ငံခြား ထွက်လုပ်ရင် ကောင်းလေမလား တွေးမိသည်.. သို့သော် မဖြစ်သေး.. ငယ်စဉ် လူရည်ချွန်ကျောင်းသား ဘဝက ဆရာဝန်ဖြစ်လျင် မရှိဆင်းရဲသားများကို အခမဲ့ ဆေး ကုပေးမည်ဟု အင်တာဗျူးတွင်ပြောခဲ့ဘူးသည်..

ကိုယ်ကသူဌေး မဟုတ်သော်လည်း စားနိုင် သောက်နိုင်သည်၊ ကိုယ်က လောဘကြီးသူတယောက်လည်းမဟုတ်.. တနေ့ ထမင်းနှစ်နပ် မှန်မှန်စားရလျင်တော်ပြီ..

နေမောင့်အဖေနှင့်တိုင်ပင်တော့ လူဆိုတာပင်စင်ယူချိန်မှာ ယူမှစိတ်အနားရပြီး လူဖြစ်ရကျိုးနပ်မည်၊ ကိုယ်လုပ်ချင်တာကိုလည်း အနှောင်အဖွဲ့ကင်းကင်းလုပ်နိုင်မည်ဟု အကြံပေးသည်.. ထို့ကြောင့် နိုင်ငံခြားထွက်ရန် မစဉ်းစားတော့..

ပြည်သူ့ကျန်းမာရေး ဆရာဝန်ဘဝဖြင့် ကွင်းဆင်းတော့ အခြေခံ လူတန်းစားတို့၏ မကျန်းမာလျင် ဆေးကုရန် လက်လှမ်းမမှီသော သူတို့ဘဝကို တွေ့မြင်စာနာမိသည်..

ထို့ကြောင့်ပင်စင်ယူပြီးသည်နှင့် တပည့်တွေခေါ်၊ ကားပေါ် ဆေးဝါးများတင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်း မမှီသော အခြေခံလူတန်းစားများ ရှိရာ ဆင်ခြေဖုံး ရပ်ကွက်များ၊ ကျေးရွာများသို့ လှည့်လည်၍ ဆေးကု ဖြစ်သည်.. ဆေးရုံတက်ရမည့်သူများကိုလည်း ချိတ်ဆက်၍ ဆက်လက်ကုသရန် လွှဲပို့ပေးသည်.. ကိုယ်လာလျင် သူတို့က ဆွေမျိုးအရင်းခြာလို ဆက်ဆံကြသည်..

ရာထူးရှိတုန်းကလို အာဏာတွေပါဝါတွေ အခြွေအရံတွေ မရှိတော့သော်လည်း ကိုယ်ကရရန်ဘာမှ မမျှော်လင့်ဘဲ ပေးဆပ်ရုံ သက်သက် ဆေးကုပေးရသည်မှာ စိတ်ချမ်းသာလှသည်.. မပြည့်စုံသော ကိုယ့်ပြည်သူတွေကို ကိုယ်တတ်သောဆေး ပညာဖြင့် ကူညီရသည်မှာ ပူလောင်သော ရာထူးအာဏာပါဝါတွေရှိသည်တုံးကထက်ပို၍ ဝမ်းသာ ပီတိ စိတ်ချမ်းသာမိပါတော့သည်..

Leave a Comment

You cannot copy content of this page