Knowledge

ထိုင်းမှာ စီးပွားဖြစ် စိုက်ပျိုး‌တဲ့ ဘုရားလောင်းမျောက်မင်း ဇာတ်တော်ထဲက နတ်သရက်သီး

ဘုရားလောင်းမျောက်မင်း ဇာတ်တော်ထဲက နတ်သရက်သီး အကြောင်း..

အဗ္ဗန္ဓရသရက်၊ နတ်သရက်သီးလို့ ခေါ်ပြီး သူရဲ့ ရနံ့က အရမ်းမွှေးပါတယ်။ မြန်မာပြည် ရွှေတိဂုံဘုရား အဘဘိုးမင်ခေါင်ကျောင်းဆောင်နားတွင် နို့ရည်လောင်းပြီး စိုက်ပျိုးထားသည့် အဗ္ဗန္ဓရသရက်ပင် တပင်ရှိတယ်လို့ သိရပါတယ်။ မွန်ပြည်နယ်က မွန်ဘုန်းတော်ကြီးကျောင်းအများစုတွင် အဗ္ဗန္ဓရသရက်ပင်များကို တွေ့ရှိနိုင်ပါသည်။

ဇာတ်တော်များထဲမှ ဘုရားလောင်းမျောက်မင်းဘ၀ အဗ္ဗန္ဓရသရက်သီးများ ရင်မှည့်ချိန်တန်တော့ မျောက်အပေါင်းပါတို့ကို အကုန်ခူးစေခဲ့ပါတယ်။ ဖြစ်ချင်တော့ မြစ်ကမ်းဖက် ထိုးထွက်နေတဲ့ သရက်ကိုင်းမှာ အဗ္ဗန္ဓရသရက်သီးတလုံး ကျန်ရှိနေခဲ့ပါတယ်။ ကျန်နေခဲ့တဲ့ ထိုသရက်သီးဟာ ရင့်မည့်ပြီး မြစ်ထဲမျှောပါသွားပြီး မုဆိုးကြီးတယောက်ကတွေ့တော့ ရနံ့အလွန်မွှေးကြိုင်လွန်းလှတာမို့ ပြည့်ရှင်မင်းကြီးကို ဆက်သလိုက်ပါတယ်။

မင်းကြီးက မြစ်ကြောင်းတလျှောက်လိုက်ရှာရင်း အဗ္ဗန္ဓရ သရက်ပင်ကြီးတွေ့ပါတော့တယ်။ ဘုရားလောင်းမျောက်မင်းက သူ့တပည့်တွေ လွတ်အောင် နွယ်ကြိုးကို ခါးမှာချည် တဖတ်ကမ်းကူးစေခဲ့ပါတယ်။ နွယ်ကြိုးက မမှီ မမှီတဲ့ကြိုးနေရာမှာ မိမိကိုယ်နဲ့ ဝင်ဆက်ပေးနေတဲ့ အပေါင်းအပါမျောက်တွေကို တဖတ်ကမ်းအရောက်ပို့ဆောင်ပေးပြီး နောက်ဆုံးမှာ သေပွဲဝင်ခဲ့ရပါတယ်..။

ထိုသရက်သီးကို ထိုင်းနိုင်ငံမှာ စီးပွားဖြစ် စိုက်ပျိုးရောင်းချလေ့ရှိပါတယ်..။

Leave a Comment

You cannot copy content of this page