Knowledge

Bubble Tea ကြိုက်တဲ့ လူငယ်လေးရဲ့ အူထဲမှာ ကျောက်ခဲလုံးသဖွယ် ပိတ်နေလို့ ဖယ်ရှားပေးခဲ့ရတဲ့အဖြစ်

Bubble Tea ကြိုက်တဲ့ လူငယ်လေးတဦးရဲ့ အူထဲမှာ ကျောက်ခဲလုံးသဖွယ် ပိတ်နေလို့ ဖယ်ရှားပေးခဲ့ရတဲ့အဖြစ်..

တရုတ်နိုင်ငံမှ အမည်မဖော်လိုတဲ့ ဆယ်ကျော်သက်ကောင်လေးတဦးဟာ Bubble Tea ကို ကြိုက်တာကြောင့် မကြာခဏသောက်ဖြစ်နေခဲ့ပြီး ပုလဲလုံးလို့ လူသိများတဲ့ စေးကပ်တဲ့သာကူလုံးတွေကိုလည်း အမြဲထည့်သောက်နေခဲ့တာပါ။

အသက် ၁၃ နှစ်အရွယ် အဆိုပါဆယ်ကျော်သက်ဟာ စင်ရှန်ဆေးတက္ကသိုလ် ဆေးရုံကို ဝမ်းမသွားဘဲဗိုက်အောင့်တဲ့ ဝေဒနာနဲ့ ရောက်လာခဲ့ကာ ဆရာဝန်တွေက သူရဲ့အူထဲမှာ ၂ စင်တီမီတာနဲ့ ၃ စင်တီမီတာရှိတဲ့ မာကျောစုဖွဲ့နေတဲ့အရာ နှစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။

သာကူလုံးတွေကို အူကအစာခြေစွန့်ပစ်နိုင်စွမ်း မရှိတာကြောင့် အူထဲမှာတင် သာကူလုံးတွေ စုဖွဲ့မာကျောနေခဲ့တာလို့ ကုသပေးခဲ့တဲ့ ဒေါက်တာ ကျန်းဟိုင်ယန်က ဆိုပါတယ်။ လူနာဟာ Bubble Tea နှစ်ခြိုက်တာကြောင့် တစ်ပတ်တစ်ကြိမ်လောက် ဝယ်သောက်နေခဲ့တာဖြစ်ပြီး အထဲမှာထည့်ထားတဲ့ သာကူလုံးတွေကိုလည်း မဝါးနေတော့ဘဲ တစ်ခါတည်းမျိုချပစ်လိုက်တဲ့ အကျင့်ရှိနေတာလို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဇွန်လတုန်းကလည်း တရုတ်ပြည် ကြက်ကျန်းပြည်နယ်က ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးမှာလည်း သာကူလုံးတွေ အူထဲအစာမကြေဘဲ စုဖွဲ့ပိတ်ဆို့နေခဲ့တာကြောင့် (၅) ရက်မျှ ဝမ်းမသွားနိုင်ခဲ့ဘဲ အလားတူ ကုသမှုမျိုး ခံယူခဲ့ရသေးတယ်လို့ သိရပါတယ်။

Leave a Comment

You cannot copy content of this page