ပလပ်ပေါက်ထဲ လက်ထိုးထည့်တာ‌ ဓါတ်လုံးဝမလိုက်ပဲ ဓါတ်ပြီးတယ်ဆိုတဲ့ ကိုယ်တော်

လက်တွေ့ဟာ သက်သေပါပဲ.. ထိုအရာကို ရွှေတိဂုံ အရှင်မြတ်ဘုရားဟု ခေါ်သည်..

ဘုရားမီးပူဇော်ရင်း Wire Shocked ဖြစ်တာ.. မီးလုံးအကြီးကြီးထပေါက်တာ.. ဘုန်းဘုန်းဘုရားလက်နဲ့ကိုင်ပြီး မီးလာနေတဲ့ ပလက်ပေါက်ထဲထိုးထည့်လိုက်တာ.. စဖြစ်တုန်း မိမိကိုယ်ကိုတော့ သွားပြီးလို့ထင်တာ စက္ကန့်ပိုင်းအတွင်း လျှစ်စစ်မီးထပေါက်တာက မိမိ အတွက် အရမ်းနှေးသလို ဖြစ်ပြီး မိမိလက်က လျှပ်စီးလျက်သလို ချက်ချင်း ဆွဲထုတ်သွားလိုက်နိုင်တယ်။

ဒါပေမဲ့ ဓါတ်လိုက်ထားတဲ့ လျှပ်စစ်မီး ဒါဏ်ရာကြောင့် ဘုန်းဘုန်းဘုရား၏ လက်နာနေပါတယ်.. ဘာကြောင့်ဖြစ်လဲဆိုရင် စေတနာတွေပါ။ တစ်ချို့ စီးပွါးရေးသမားများဟာ သိန်းကို သိန်းချီ US Dollar Millions နှင့်ချီ ရင်းနှီးမြုတ်နှံပြီး စီးပွါးရေး ၃-၄ ၊ ၅ ခုလုပ်ကိုင်နေတဲ့ သူဌေးသူကြွယ်တွေ မြန်မာနိုင်ငံမှာ အများကြီးပါပဲ။

အဲ့ဒီလို သိန်းကို သိန်းနဲ့ချီ လုပ်နေသူတွေကို မစဆောင်ယူဖို့ကျတော့ အတော်နဲ့ မလွယ်ပါဘူး.. စီးပွါးရေး ထိပ်ဆုံးကိုရောက်လာပြီဆိုရင် ဝိုင်းတိုက်ကျတယ် အောက်လမ်းတွေနဲ့လဲ လုပ်ကြတတ်တယ်၊ အခုအိမ်ရဲ့ ဘုရားစင်မှာလဲ မီးလောင်ရာကြီး တွေ့ထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ်အတွေ့အကြုံပါပဲ.. ဘုန်းဘုန်းဘုရားတို့ပုဂ္ဂိုလ်တွေ တစ်ဦးတစ်ယောင်ချင်းစီ၊ သိန်းပေါင်းသိန်းနဲ့ ချီ ဆောင်ယူနိုင်ရင်၊ နောက်ထပ် တစ်နိုင်ငံလုံး ဆင်းရဲတွင်းကနေ ချမ်းသာအောင် ဆောင်ယူနိုင်ရင် မြန်မာပြည်ကြီး ခေတ်ကောင်းကြီးမှာ တစ်နိုင်ငံလုံးချမ်းသာကြပါလိမ့်မည်။

မိမိ ကိုယ်ကို အံ့ဩနေတာ Electricity Shocked အကြီးစားဖြစ်တာတောင် မိမိ ခန္ဓာကိုယ်က ဘာမှ မဖြစ်သွား လက်ကလေး နာရုံလောက်ပဲ၊ တစ်အိမ်လုံးကြီး Wire Shock ကြီးဖြစ်လို့ မီးပျက်သွားတယ်။ ဘုန်းဘုန်းဘုရားကို ယောဂီကြီးတစ်ပါး ကြောင်ကြည့်ပြီး ပြောဖူးတဲ့ စကားကို ပြန်သတိထားမိတယ်.. အရှင်ဘုရားဟာ သာမာန်မဟုတ်တော့ဘူး ဘာကြောင့် လူတောထဲမှာ ရောပြီးနေနေသေးတုန်း? သူမ ဆိုလိုချင်တာက ထွက်ရပ် အရပ်မှာ အတူတူ သွားမနေသေးဘူးလာဆိုတာ ကြောင်တောင်တောင်ကြီး ကြည့်ပြီး တန်ခိုးကြီး ဘုရားတစ်ဆူမှာ လာပြောဘူးတယ်..

Electric Shocked ဖြစ်စဉ် ဘုန်းဘုန်းဘုရားဘေးနားက လူငယ် တစ်ယောက်က ပါးစပ်ကြီးဟပြီး အံ့ဩနေတယ်.. အရှင်ဘုရား Electricity Shocked ဖြစ်ပြီး ဓါတ်လိုက်သွားပြီးထင်တာ တပြည့်တော်တို့သာဆို အဲ့နေရာမှာ Tay ပါပြီပေါ့။

ထိုအခါ မိမိ၏ ကိုယ်စောင့်နတ်တစ်ပါးကလဲ အနားတိုးဆိုလေတယ်.. အရှင်ဘုရားဖြစ်နေလို့ မ TAy တာ ကျန်တဲ့ သာမာန်လူအဲ့နေရာမှာ ဓါတ်လိုက်မိပြီး Tay ပါတယ်။ လက်တွေ့ဟာ သက်သေပါပဲ..

ဟိုးတစ်ခါကလဲ ပြည်မြို့မှာ ဘုန်းကြီးကျောင်းက ဝက်ဝံကြီး ဘုန်းဘုန်းဘုရားလက် ဟင်းနံ့ မစင်တော့ အစာထင်ပြီး ဝက်ဝံကြီး လှမ်းကိုက်ချလိုက်တာ အနားက ပါလာတဲ့ လူတွေက ဘုန်းဘုန်းလက်ထုတ်ချင်းပေါက်ပြီး ဆေးရုံတက် ချုပ်ရပြီထင်နေတာ နောက်တော့လဲ မိမိလက်ဟာ ဘာမှ မဖြစ်ပါဘူး။

သိဒ္ဓိ ၁၀ ပါး မဟိဒ္ဓိ များဆိုတာ အလကား မဟုတ်ပေဘူး.. အခုချိန်ထိတော့ ခန္ဓာကိုယ်ထဲ လျှပ်စီးတွေ စီးဆင်းနေသေးပါတယ်.. ဒါပေမဲ့ ကိုယ့် ခန္ဓာကိုယ်အကြောင်း သူများတွေ ရှင်းပြနေရတာလဲ အလကားဖြစ်နေတာကြောင့် ထုတ်ဖော်ရွေ့ မိမိခန္ဓာကိုယ်တွင်းရှိ အကြောင်းအရာများကို ပြောမပြတော့ပါဘူး.. ထွက်ရပ်ကူးဖို့ဆိုတာ ဓါတ်ပြာတွေ စားထားရပါတယ်လေ..

ဒီနေ့ည တစ်ညလုံး မကျိန်းဆက်ပဲ မီးအဝိုင်း မီးတိဂံ ထွန်းပြီး အထဲသို့ဝင်ကာ သမထဘာဝနာတရားပွါးများရပါဦးမည်.. ဒီအိမ်နေ မိသားစုဝင်များ စီးပွါးရေးကို တိုက်ခိုက်ထားသူများ ဘေးများကို ရှင်းထုတ်ပါမည်.. ဘုန်းဘုန်းဘုရားက မရှင်းထုတ်ခင် ဘုန်းဘုန်းဘုရားကို သူတို့ကနေ အရင်းလက်ဦးအောင် ရှင်းတာနဲ့ တူတယ်.. (အရှင် ဝိစာရိန္ဒ မထေရ်)

Leave a Reply

Your email address will not be published. Required fields are marked *