ပတ်စပို့စ်ရုံး လုံးဝမဖွင့်သေးပါ၊ လူနှစ်မျိုးပဲ လောလောဆယ် ပတ်စပို့စ် လုပ်လို့ရပါတယ်..
PASSPORT ရုံးက မဖွင့်ပါဘူးခင်ဗျာ။ မဖွင့်တာကို ဖွင့်တယ် လို့ လိမ်ညာပြီးမစားကျပါနဲ့။ MOU စနစ်ပဲ ဖွင့်ထားတာပါ။ MOUသမားတွေတော့ ရပါမယ်။ လတ်တလော ဗုဒ္ဓဂါယာ နဲ့ MOU စနစ် အလုပ်သမားတွေပဲ Passport လုပ်လို့ရပါမယ်။
MOU စနစ်ဆိုတာက ပြည်ပက Memorandum of Understanding အလုပ်သမားနဲ့အလုပ်ရှင် နှစ်ဦးသဘောတူစာချုပ်နဲ့ တရားဝင်လုပ်သားစေလွှတ်ခြင်းခေါ်ပါတယ်။ တရားဝင်ကုမ္ပဏီတွေက သူတို့ကုမ္ပဏီကနေ အလုပ်သမားစေလွှတ်ရန်ခေါင်းစဉ်နဲ့ ပတ်စပို့စ်စာအုပ်လုပ်ဖို့ နေပြည်တော်ကိုစာတင်ရပါတယ်။ Company Letter Head နဲ့ဝင်တာခေါ်ပါတယ်။
လက်ရှိအခြေအနေအရ MOU Company Letter Head နဲ့ဝင်တာပဲ PJ စာအုပ်လုပ်လို့ရပါတယ်။ MOU Company Letter Head နဲ့စာအုပ်လုပ်မယ်ဆို ကုမ္ပဏီနာမည်နဲ့နာမည်တွေကို နေပြည်တော်တင်ပေးရပါတယ် နှစ်ပတ်ကြာပါတယ်။ နှစ်ပတ်နေရင် နေပြည်တော်က စာကျလာပါတယ်။ လုပ်လို့ရပါပြီ စာအုပ်လုပ်ပြီး ဆယ်ရက်နေရင် စာအုပ်ရပါတယ်။
စာတင်တဲ့နေ့ကနေစပြီးစာအုပ်ရသည်အထိ ၂၅ ရက်ကြာပါတယ်။ အလိမ်အညာတွေမမိစေဖို့ မျှော်လင့်ပါတယ်။ Group တွေမှာတင်လို့ မေးတဲ့သူ အရမ်းများနေလို့ရှင်းပြတာပါ။