International News

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ တရုတ်စစ်အင်အား ထုတ်ပြန်ချက် (ပေါက်ဖော်ကို အချွန်နဲ့ မနေတာလား)

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ တရုတ်စစ်အင်အား ထုတ်ပြန်ချက် (ပေါက်ဖော်ကို အချွန်နဲ့မနေတာလား)

အမေရိကန် ပင်တဂွန် စစ်ဋ္ဌာနချုပ်ဟာ ပြီးခဲ့တဲ့ အပတ်က တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ စစ်အင်အားနဲ့ ပတ်သက် တဲ့ နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ တရုတ် တပ်မတော် (PLA) ရဲ့ ကြီးမားလာတဲ့ စစ်အင်အား မြေပုံ ၆ ခုကိုပါ ထည့်သွင်း ဖော်ပြထား ပါတယ်။

ပင်တဂွန်စစ်ဋ္ဌာနချုပ်ရဲ့ အစီရင်ခံစာက တရုတ် ရေတပ်ဟာ ကမ္ဘာ့ အကြီးဆုံး ရေတပ်ကြီး ဖြစ်ပြီး ရေတပ် သင်္ဘောတွေရဲ့ ခေတ်မီ မစ်ဇိုင်းတွေ ရဲ့ အင်အားက ကြီးမားလှတာကြောင့် ထိုင်ဝမ်နိုင်ငံတစ်ခုလုံးကို ထိန်းချုပ်ထားနိုင်စွမ်း ရှိတယ် လို့ ဖော်ပြထားပါတယ်။

တရုတ်ရဲ့ သမားရိုးကျ ပဲ့ထိန်းဒုံး တွေဟာ အာဆီယံနိုင်ငံ တွေ နဲ့ အာရှတိုက်တဝှမ်း သာမက ပစိဖိတ် သမုဒ္ဒရာ၊ အိန္ဒိယ သမုဒ္ဒရာ တွေကို လွှမ်းခြုံထားပြီး အထူးသဖြင့် DF-26 Multi Role IRBM တွေဟာ ဩစတေးလျ နိုင်ငံ အထိပါ ပစ်ခတ်နိုင် စွမ်း ရှိတယ်လို့ ဆိုပါတယ်။ တရုတ်တို့ရဲ့ နျူကလီယာ တိုက်ချင်းပစ်ဒုံးကျည် (ICBM) တွေဟာ အာရှတိုက်တဝှမ်းသာမက ဥရောပနိုင်ငံ များ၊ အမေရိကန်အထိပါ ပစ်ခတ်နိုင်စွမ်းရှိတာကို သိရပါတယ်။ အထူးသဖြင့် တရုတ်ရဲ့ DF-41 နဲ့ CSS-4 MOD 2 (DF-5A) နဲ့ CSS-4 MOD 3 (DF-5B) တိုက်ချင်းပစ်ဒုံး တွေဟာ ကမ္ဘာကြီးတစ်ခုလုံး ကို ခြိမ်းခြောက်လျက် ရှိတယ်လို့ ဆိုပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာထဲမှာ တရုတ်ဟာ ဆယ်စုနှစ် နှစ်ခု အတွင်းမှာ ယခုလို အင်အားကြီးမားပြီး ခေတ်မီတဲ့ စစ်တပ်ကို တည်ထောင်နိုင်ခဲ့တာဟာ အလွန် လေးစားဖွယ်ကောင်းကြောင်း ဖော်ပြထားပါတယ်။ ဒါ့ပြင် ယခုအတိုင်းဆိုပါက တရုတ်ဟာ အမေရိကန်ရဲ့ ရှေ့ကို ရောက်သွားမှာ ယုံမှားဖွယ်ရာ မရှိဘူးလို့ ဖြည့်စွက် ဖော်ပြထားကြောင်း သိရပါတယ်ဗျာ။ (Than Lwin U)

Leave a Comment

You cannot copy content of this page