News

မြန်မာပြည် တရက်တည်းအတွင်း ကိုဗစ်လူနာသစ် တွေ့ရှိမှု ၁၀၀၀ ဝန်းကျင် ပြန်ဖြစ်လာ

မြန်မာနိုင်ငံတွင် တရက်တည်း ကိုဗစ်အတည်ပြုလူနာသစ်တွေ့ရှိမှုမှာ နေ့စဉ် ၁၀၀၀ နီးပါးဖြစ်လာကြောင်း နစက ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရပါသည်။

နိုဝင်ဘာ ၁၂ ရက်နေ့တွင် လူနာသစ် (၉၉၂) ဦး၊

နိုဝင်ဘာ ၁၁ ရက်နေ့တွင် လူ နာသစ် (၉၅၄) ဦး၊

နိုဝင်ဘာ ၁၀ ရက်နေ့တွင် လူနာသစ် (၁၁၈၀) ဦး၊

နိုဝင်ဘာ ၉ ရက်နေ့တွင် လူနာသစ် (၇၇၆) ဦး၊

နိုဝင်ဘာ ၈ ရက်နေ့တွင် လူနာသစ် (၈၁၈) ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည်။ ယခုလအတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူလူနာဦးရေမှာ နေ့စဉ် ပျှမ်းမျှ ၁၅ ဦးဝန်းကျင်တွင်ရှိနေသည်။

လူနာသစ်တွေ့ရှိမှုမှာ ပြီးခဲ့သည့် အောက်တိုဘာကုန်ပိုင်းတွင် နေ့စဉ် ၇၅၀ ဝန်းကျင်သာရှိခဲ့သော်လည်း နိုဝင်ဘာ ၁ ရက်နေ့တွင် လူနာသစ်တွေ့ရှိမှုမှာ တရက်တည်းတွင် ၁,၀၇၄ ဦးအထိ မြင့်တက်ခဲ့ပြီးနောက် နေ့စဉ် ၁၀၀၀ နီးပါး တွေ့ရှိလာခြင်းဖြစ်သည်။

နိုင်ငံရေးအပြောင်းအလဲကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွား၍ အသွားအလာကျဲပါးခဲ့သည့် ရန်ကုန်တွင် ယခုလအတွင်း လူအသွားအလာတဖန်ပြန်လည် ထူထပ်လာသည်ကိုတွေ့ရပြီး လမ်းမများပေါ်တွင်လည်း အရေးပေါ်လူနာတင်ကားများ သွားလာနေမှုကို ခပ်စိတ်စိတ်တွေ့လာရသည်။

နိုဝင်ဘာ ၁၂ ရက်ညပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်လူနာ (၅၁၁,၇၁၇) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း(၄၈၂,၈၇၇) ဦး နှင့် သေဆုံးသူစုစုပေါင်း (၁၈,၈၉၉) ဦး ရှိနေသည်။

Leave a Comment

You cannot copy content of this page