News

ဒီလို ပိုက်ဆံရှိလူတန်းစား ပညာတတ်လူမျိုးတွေကြောင့် ရန်ကုန်မှာ ပိုးက ပိုပြန့်နေတာပါ

ဒီလို ပိုက်ဆံရှိလူတန်းစား ပညာတတ်လူမျိုးတွေကြောင့် ရန်ကုန်မှာ ပိုးက ပိုပြန့်နေတာပါ…

Containment strategy တစ်ခုထဲ သွားလို့မရပါ မလိုက်နာရင် အနောက်က ပြစ်ဒဏ် တစ်ခု လိုက်ရမယ်။ အဲဒီလိုလူတွေကြောင့် Home Q ပေးဖို့ကို အထက်က တွေဝေနေတာ။ Home Q ဖောက်ဖျက်ရင် ထောင် ၁ နှစ်လောက် အနည်းဆုံးချမယ်ဆို ငြိမ်သွားမယ်။

သင်္ဃန်းကျွန်း ဆေးရုံ ဆေးကုသဆောင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကိုပြောရရင် တစ်ခြား ဌာနတစ်ခုမှာ swab ယူထားတဲ့ လူတယောက် အဖြေမရခင် Q ဝင်နေရမယ် ဆိုတာကို Home Q ပဲ နေပါ့မယ်ဆိုပြီး အတင်းလက်မှတ်ထိုး ဆင်းလာတယ်။ ပြီးတော့ မနေဘဲ သင်္ဃန်းကျွန်း ဆေးရုံမှာ လူနာလာစောင့်တယ်။ လူက မရှိလို့ မသိလို့ လုပ်တာမျိုး မဟုတ် ပိုက်ဆံရှိလူတန်းစား သင်္ဘောသား သားသားနားနားပုံ (စကားပြောတာလဲ အချိုးမပြေ ဂျစ်ကန်ကန် နဲ့ ဟု သိရ) ဆေးရုံမှာ ၂ ရက်လောက် ရောဂါဖြန့်ပြီးမှ NHL က ဖုန်းဆက်လို့ ကျွန်တော် positive ထွက်လို့ပါ ဆိုပြီး ERC ကို သွားပြောသတဲ့။

သင်္ဃန်းကျွန်း က swab ယူထားတဲ့ စာရင်းထဲလဲ မပါ အကုန် အလုပ်ရှုပ်ကုန်ရော အဲ့ နှစ်ရက်အတွင်း ဆေးရုံမှာ သူထိတွေ့ခဲ့တဲ့ လူနာတွေ လူနာစောင့် တွေ ရဟန်းရှင်လူ ပြည်သူတွေ ဆရာဝန်တွေ အကုန်လုံးကို အားနာမှုမရှိ မိုက်ရိုင်းချက်က ကမ်းကုန်တယ်။ အခု medical က လက်ထောက်ဆရာဝန် တစ်ယောက်ပါ positive ထွက်လာပြီ။ နိုင်ငံ တော် အနေ နဲ့ ဒီကောင့်ကို ဘာပြစ်ဒဏ်ပေးမှာလဲ ဖေ့ဘွတ်ပေါ်တင်မှ သိကြမှာလား… (ဇင်ထက်နိုင်)

Leave a Comment

You cannot copy content of this page