မိုင်ပေါင်း ၆၂၀၀ ကျော်က ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ပီရူးမှာ ရေနံယိုဖိတ်မှု ပြဿနာတက်နေ..
မိုင်ပေါင်း ၆၂၀၀ ကျော်ဝေးကွာတဲ့ Tonga ကျွန်းကရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် ပီရူးနိုင်ငံကမ်းခြေမှာ ရေနံယိုဖိတ်မှု ပြဿနာတက်နေပါတယ်။
(Tonga ကျွန်းက ရေအောက်မီးတောင်)
ပီရူးနိုင်ငံ လီမာမြို့တော်နားက စပိန်နိုင်ငံ Repsol ကုမ္ပဏီရဲ့ Pampilla Refinery ရေနံချက်စက်ရုံကို ရေနံတင်သင်္ဘောကနေ ရေနံစိမ်းပို့နေချိန်မှာ ဆူနာမီလှိုင်းရိုက်ပြီး အခုလို ယိုဖိတ်မှုအကြီးအကျယ် ဖြစ်ခဲ့ရတာပါ။
ဒီကိစ္စဟာ ပီရူးသဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဒေါ်လာ ၃၄.၅ သန်းလောက်အထိ အလျော်တောင်းနိုင်တယ်လို့ ဆိုပါတယ်။
တကယ်တော့ ဆူနာမီသတိပေးချက်ရရင် ဒါမျိုး offload ကိစ္စတွေ ခေတ္တရပ်ဆိုင်းထားရမှာပါ။
Richard Myo Thant (20.1.2022)