ကာတာနိုင်ငံဟာ အလုပ်သမားတွေအတွက် ဘယ်လောက်တောင် ကောင်းသလဲ (ကိုယ်တွေ့ပါ)

Qatar နိုင်ငံ အကြောင်းကို ဖေ့စဘွတ်ပေါ်မှာ တော်တော်များများ Negative ပြောကြတာတွေ့နေရပါတယ် အထူးသဖြင့် ကမ္ဘာ့ဖလား ကွင်းတည်ဆောက်တာမှာ လုပ်သားတွေသေဆုံးမှု ၆၅၀၀ အထိရှိတယ်လို့ ပြောဆိုနေကြတာ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရတယ်ဆိုပြီး အထူးသဖြင့် western media တွေမှာ အသားပေးဖော်ပြရင်း ထိုးနှက်နေကြတာ ဟိုလူဒီလူ boycott လုပ်မယ်ဆိုတာတွေ တွေ့ရပါတယ်..

ကျွန်တော်လည်း ၂၀၀၉ က ၂၀၁၃ အထိ လုပ်သားလေးအဖြစ် Qatar နိုင်ငံ ဆီဆိုင်မှာ ၄ နှစ်တာ အလုပ်လုပ်ခဲ့ဖူးပါတယ် အလွန်မှ အလုပ်သမားတွေအတွက် ကောင်းတဲ့နိုင်ငံ ဖြစ်ပါတယ်..

စသွားခြင်းတုန်းကဆို Abu Hamour ဆိုတယ့် ရပ်ကွပ်မှာ လုံးခြင်း ၄ ထပ်တိုက် ကောင်းကောင်းလေးတွေမှာ ၄/၅ ယောက်ကို တခန်း ကောင်းကောင်းမွန်မွန်ထားပေးပါတယ်.. ရေခဲသေတ္တာ အဝတ်လျှော်စက် အကုန် sufficiently provide လုပ်ပေးပါတယ်.. တနေ့ကို ၈ နာရီ တပတ် ၆ ရက် ပဲ လုပ်ရပါတယ်.. လစာဆိုလည်း အချိန်မှန် လမကုန်ခင်ဝင်ပါတယ်..

နေမကောင်းလို့ ဆေးခန်းသွား တာအပြင် အသဲသန်ဖြစ်လို့ Hamad ဆေးရုံကြီးအထိတက်ရဖူးပါတယ်.. ထမင်းဟင်းကြွေး ဆေးကုပေးပါတယ် ၃ ရက်လောက်တက်လိုက်ရတာ ဆေးရုံဆင်းတော့ ၁၂ riyal 5 usd မပြည့်တဲ့ ဆေးဖိုးဘဲပေးရပါတယ်.. ကျွန်တော်တင် မဟုတ် ကျွန်တော့် အကိုတစ်ယောက်ဆို ကုန်ကား မောင်းတာ အိပ်ငိုက်ပြီး သူ့ရှေ့က ကားကို ဝင်တိုက်မိတာ ဒူးကျေသွားတယ် ကားလည်း ပျက်စီးသွားတယ်.. ဒါတောင် တပြားမှ မလျော်ရတဲ့အပြင် သူ့ကို ဒူးခေါင်း အစားထိုးကုပေးလိုက်တာ အခု လူကောင်းသူကောင်းအတိုင်းပါဘဲ..

အသိထဲက ညီတယာက်လည်း ထမင်းစားချိန် စက်ဘီးပြောင်းပြန်မောင်းတာ ကားနဲ့ဝင်တိုက်မိလို့ အရေးပေါ်ကို helicopter နဲ့ လာခေါ်သွားပါတယ်.. အကြောင်းမလှလို့သူဆုံးပါးသွားတော့လည်း သူ့မိဘကို Qatar ကိုခေါ် သူ့ကိုကောင်းကောင်းမွန်မွန် သဂြိုလ်ပေးပြီး လျော်ကြေး Riyal သိန်းနဲ့ချီပေးပါတယ်.. အခြား Municipality တို့ Baladiya (Volunteer) တို့မှာ သန့်ရှင်းရေး ဝန်ထမ်းလုပ်ရတယ့်လူတွေတောင် အတော်လေး အဆင်ပြေပါတယ်..

ဒီ့အပြင် ကျွန်တော် Dukhan လို့ခေါ်တယ့် Doha မြို့က Km 90 ဝေးတဲ့ နေရာမှာ ၂ နှစ်နေဘူးပါတယ်.. အဲ့ဒီ့နဲ့ မနီးမဝေးမှာ labor camp တွေကိုလည်း သွားရောက်လည်ပတ်ဖူးပါတယ်.. ဘယ်လိုမှာ ဆိုးရွားနေပါတယ်ဆိုတယ့်အခြေနေမျိုး မကြုံရဘူးပါ.. အားလုံးသင့်တင်လျှောက်ပတ်သော facility ပေးထားပါတယ်..

တကယ်တော့ western media တွေက hypocrisy တွေရေးကြတာ သူတို့နိုင်ငံတော့ တတိယနိုင်ငံက လူတွေ ဝင်မှာ သိပ်ကြောက်ကြပါတယ်.. Middle East နိုင်ငံတွေကသာ သူတို့ရယ့် Business ချဲ့ထွင်တည်ဆောက်မှုကနေ ကျွန်တော်တို့ တတိယ နိုင်ငံကလုပ်သားတွေကို ခေါ် အလုပ်ပေးရင် မိသားစုတွေ အများကြီး အထောက်ပံရကြတာပါ.. ယခု Qatar World Cup ကျင်းပလို့ သုံးလိုက်တဲ့ ပိုက်ဆံတွေတော်တော်များများ ဒီတတိယ နိုင်ငံက လုပ်သားတွေက တဆင့် သူတို့ မိသားစုတွေဆီ စီးဝင်သွားကြပါတယ်..

အတိုချုံးပြောရရင်တော့ Qatar က ယခု World Cup ကို အလွန်လှပစွာ ကျင်းပသွားနိုင်ကြောင်း ဂုဏ်ပြုပါတယ်..

(Travel with Min Wai)

Leave a Reply

Your email address will not be published. Required fields are marked *