News

မန္တလေးမှာ ‌အကြောင်းအမျိုးမျိုးနဲ့ ဖမ်းနေပါပြီ အနည်းဆုံး ဒဏ်ငွေ (၃၀,၀၀၀) ပါတဲ့

မန္တလေးမြို့မှာ ဒီကနေ့ကစပြီး ဆိုင်ကယ်တွေကို စကစ လက်အောက်ခံအဖွဲ့တွေပူးပေါင်းပြီး စတင်တင်းကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က မနက်ခင်းပိုင်းက စတင်ကာ မန္တလေးမြို့သစ် ၆၂ လမ်း၊ ဘူတာကြီးရှေ့၊ ကန်တော်ကြီး၊ တောင်သမန်အင်းကန်ပတ်လမ်း၊ ၆၆ လမ်း ၃၂-၃၃ ကြား၊ မေမြို့သံလမ်းအတက် ၆၈ လမ်း၊ ၇၃ လမ်း NewOcen၊ ၆၈လမ်း မြဝတီမင်းကြီးလမ်း၊ အမရပူရဒေါ်သီ သနပ်ခါးကွေ့၊ မြို့ပတ်လမ်း ၃၀ နဲ့ ၃၅ လမ်းကြား စတဲ့ မြို့တွင်းမြို့သစ်နေရာစုံမှာ ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများက ပြောပါတယ်။

ဆိုင်ကယ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင် သက်တမ်းလွန်မလွန်၊ ဆိုင်ကယ်ဦးထုပ် ဆောင်း မဆောင်းကို စစ်ဆေးပြီး တချို့နေရာတွေမှာတော့ အမျိုးသားနှစ်ယောက်အတူစီးတာ၊ Mask တပ်တာတွေအစ စစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံ – ဒဏ်ရိုက်ခံရသူတစ်ဦးရဲ့ ချလံ

“တစ်ဖွဲ့ကို တစ်မျိုးစစ်နေတယ်။ ဆိုင်ကယ်လိုင်စင်လူလိုင်စင်တင်မကဘူး Mask တပ်တာကိုကော မတပ်တာကိုပါ ရစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေလည်းများနေပြီး ချလံဖြတ်ပေးကြောင်း၊ အနည်းဆုံးဒဏ်ငွေသုံးသောင်းမှ သိန်းကျော်အထိပေးဆောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

စကစ လက်အောက်ခံ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို ဆိုင်ကယ်တွေနဲ့ မကြာခဏလာရောက်တိုက်ခိုက်နေကြလို့ တင်းကြပ်ခြင်းဖြစ်ကြောင်း မြို့ခံတွေက ထင်မြင်ချက်ပေးပါတယ်။ စစ်ဆေးတဲ့အဖွဲ့တွေထဲမှာ စကစ လက်အောက်ခံ စစ်သား၊ ရဲ၊ ယာဥ်ထိန်းရဲ၊ မီးသတ်၊ ထွေအုပ် ဝန်ထမ်းတွေပါဝင်ကြောင်း မြို့ခံတွေကပြောပါတယ်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းနဲ့ နယ်ဒေသတချို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦး မစီးဖို့အပါအဝင် ယာဥ်စည်းကမ်းဥပဒေမှာ မပါဝင်တဲ့အချက်တွေနဲ့ စကစ က ကန့်သတ်ထားပါတယ်။

Leave a Comment

You cannot copy content of this page