အနောက်နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေအတွက် ထားထားတဲ့ စံနှုန်း နဲ့ မြန်မာပြည် စံနှုန်း

နိုင်ငံရေးဆိုတာ..

အနောက်နိုင်ငံတွေမှာက နိုင်ငံရေးသမားတွေအတွက် ထားထားတဲ့စံနှုန်းက မြင့်မားပါတယ်။ မိမိသာမက မိန်းမ မပြောနဲ့ သားသမီးတောင် ပြိုင်ဖက်ပါတီက မျက်စိဒေါက်ထောက် ကြည့်နေတာပါ။

ဒီနေ့မနက် ကြားရတဲ့သတင်းက အမေရိကန် ရွေးကောက်ခံသမ္မတသစ် ဘိုင်ဒင်ရဲ့သားကို အခွန်မှုနဲ့ ဗဟိုအစိုးရက စစ်နေတယ်ဆိုတာပါ။ သူတို့နိုင်ငံတွေမှာ ချမ်းသာလာရင်လဲ ပိုက်ဆံဘယ်ကရပြီး ဒီကုမ္ပဏီကို ထောင်တာလဲ ပြရပါတယ်။ သူ့သားက ယူကရိန်းက ရေနံကုမ္ပဏီမှာ ဘုတ်အဖွဲ့ဝင်မိုလို့ ထရမ့်က နဂိုကထဲက ပြဿနာရှာချင်နေတာပါ။ ယခုကတော့ တရုတ်အခွန်ကိစ္စလို့ ဆိုပါတယ်။ သူတို့ဆီမှာက စံနှုန်းကမြင့်ပါတယ်။

မြန်မာပြည်မှာက ယခင်က နိုင်ငံရေးသမားတွေကို ဘိန်းပစ်ဖမ်းတာ၊ စီးပွါးရေးလုပ်မရအောင် လိုက်နှောက်ယှက်တာတွေကို မှတ်မိကြမှာပါ။ အမေရိကန်မှာက စစ်တပ်က ၂၅% လွှတ်တော်မှာ မရှိပါ။ ဒါ့ကြောင့် ဘိုင်ဒင်ပြုတ်လဲ ဒီမိုကရေစီက ဘာမှမဖြစ်သွားပါဘူး။

ကမ္ဘာပေါ်က နာမည်ကြီး ကုမ္ပဏီတွေကိုလေ့လာရင် ပစ္စည်းတစ်မျိုး လိုင်းတစ်မျိုးနဲ့ စီးပွါးဖြစ်လာကြတာပါ။ လူတစ်ယောက်ထဲက ကုမ္ပဏီတွေအများကြီးဖွင့်ထားရင် ငွေမဲကို ငွေဖြူလုပ်တာတွေ နာမည်ခံတွေဖြစ်ဖို့များပါတယ်။

မြန်မာပြည်မှာ အားနည်းနေတာက ယခင်ကထဲက ငွေကြေးခဝါချမှုအဖွဲ့ရဲ့ ဥက္ကဌကို ပြည်ထဲရေးဝန်ကြီးကို ပေးခဲ့တာကိုက မှားနေပါတယ်။

အန်နယ်ဒီ အစိုးရအနေနဲ့ ကုမ္ပဏီတွေထောင်ရင် ဥပမာ ရုပ်ရှင်ကုမ္ပဏီကြီးဆိုရင် ဘယ်ကပိုက်ဆံရလဲ ငွေမဲလား ငွေဖြူလား စစ်ရပါမယ်။ မိမိအဖွဲ့မှာလဲ ငွေမဲနဲ့ ချမ်းသာသူတွေ ကုမ္ပဏီထောင်သူတွေဟာ အဓိကနေရာက မပါဖို့တော့ လိုပါတယ်။

ဒီနေ့ ဘိုင်ဒင်သား အစစ်ခံရတဲ့ သတင်းကနေ စဉ်းစားမိအောင် ဗဟုသုတအနေနဲ့ ရေးလိုက်တာပါ။ (Myat Tun Oo)

Leave a Reply

Your email address will not be published. Required fields are marked *