News

ဗဟိုစည်ဆေးရုံမှ သန့်ရှင်းရေးအကူမိသားစု Home Q ဝင်နေရပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေ

ဗဟိုစည်ဆေးရုံမှ သန့်ရှင်းရေးအကူမိသားစု Home Q ဝင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေ…

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဝါးတန်းလမ်းက ဗဟိုစည်ပုဂ္ဂလိကဆေးရုံမှာ အမျိုးသားနှစ်ယောက်ထံမှ ပြီးခဲ့တဲ့ရက်ပိုင်းက ပိုးတွေ့လူနာတွေ့ရှိခဲ့ပြီး ဆေးရုံတစ်ဝိုက်ကိုသက်ဆိုင်ရာက Lock Down ချထားလိုက်ပါတယ်။

နောက်ဆက်တွဲအခက်အခဲပြသနာတွေကဘယ်မှာသွားပြီးထိခိုက်သလဲဆိုတော့ ဗဟိုစည်ဆေးရုံမှာသန့်ရှင်းရေးလုပ်တဲ့ အမျိုးသားအလုပ်သမားမိသားစုခင်ဗျာ ဆင်းရဲချို့တဲ့စွာနဲ့ ရန်ကုန်တစ်ဖက်ကမ်း ဆိတ်ကြီးခနောင်တိုမြို့နယ် မြို့သစ် (၂) မလိခလမ်းက ကျူးရပ်ကွက်လို အိမ်တန်းလျားမှာ Home Quarantine နေနေကြရတယ်လို့ သိရပါတယ် ။

အလုပ်အကိုင်အဆင်မပြေရတဲ့ကြားထဲ အခြေခံလူတန်းစားမိသားဘဝ Home Q ဝင်နေရတဲ့မိသားစု ၇ ယောက်စလုံး စားဝတ်နေရေးအခက်အခဲရှိနေပါတယ် ၊ ဇနီးဖြစ်သူက ရေထမ်းရောင်းရသလို ခင်ပွန်းသည်အလုပ်နားချိန်မှာရက်ကွက်ထဲ ရေထမ်းရောင်းရတယ်လို့သိရပါတယ် ၊ ယခုတော့ ပါတ်ဝန်းကျင်ကလူတွေရော လမ်းထဲကလူတွေပါ သူတို့ကိုပိုးတွေ့တဲ့သူနဲ့ထိတွေ့လာလို့ဆိုပြီး မကျေနပ်တဲ့အကြည့်တွေနဲ့ရင်ဆိုင်နေရလို့ ရှက်ပြီးစိတ်ပိုင်းဆိုင်ရာတွေထိခိုက်နေရပါတယ်လို့ လူသားချင်းစာနာစွာ ကူညီဆောင်ရွက်ပေးနေတဲ့ရပ်ကွက်နေသူတစ်ဦးကပြောပြပါတယ် ။

” သူယောကျ်ားကိုမနေ့ညက Q ဝင်ဘို့ခေါ်သွားတယ် ၊ ဒီနေ့မနက်ကျတော့သူ့ဇနီက သူ့ခင်ပွန်းအတွက် Q Centre အထိထမင်းချိုင့်သွားပို့ရတယ် .. ဆိုင်ကယ်စီးခွင့်မပြုထားဘူး ” လို့ဆိုပါတယ် Q ဝင်နေရတဲ့အမျိုးသားက မော်တင်ဆိပ်ကမ်းကနေနေ့စဉ် ကူးတို့နဲ့သွားလာကူးလူးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ် ။

သူတို့မိသားစုအတွက် ဆန် ဆီ ဆားနဲ့ သောက်ရေသန့်တွေကိုရပ်ကွက်က ထောက်ပံ့ပေးချင်တဲ့သူတွေကလည်း ခပ်လှမ်းလှမ်းက ခြံဝမှာဘဲချထားပေးခဲ့ကြရပါတယ် ။

မနေ့ည ၀၇:၃၀ ချိန်က အမျိုးသားဖြစ်သူကို Q centre မှာထားဘို့လာခေါ်သွားကြပါပြီ ၊ ကျန်ရစ်တဲ့မိခင်နဲ့ ကလေး ၄ ၊ လသားအရွယ်မြေးဦး အပါအဝင် အဲ့ဒီမိသားစု ၆ ယောက်ဟာ နေအိမ်တန်းလျား Home Q အဖြစ်ကန့်သတ်ထားခံရပြီး နောက်ထပ်၎င်းတို့နဲ့အခန်းချင်းကပ်လျှက် မိသားစု ၂ စုကိုလည်းဘယ်မှမသွားခိုင်းတော့ပါဘူး ။

အဓိက Home Q ဝင်နေစဉ်စားဝတ်နေရေးအတွက်အခက်အခဲတွေရှိနေတယ်လို့ သိရှိရပါတယ် ။ ခင်ပွန်းဖြစ်ကို— အတွက်ကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်ဗျာ..

ဖုန်း-09254380364 (မခိုင်)

Leave a Comment

You cannot copy content of this page