Knowledge

သူသေရင် သူ့အိမ်ကို ဖျက်ဆီးဖြိုချပစ်ဖို့ မှာခဲ့တဲ့ စင်ကာပူ ခေါင်းဆောင်ကြီးရဲ့ အမြော်အမြင်

သူသေရင် သူ့အိမ်ကို ဖျက်ဆီးဖြိုချပစ်ဖို့ သေတမ်းစာမှာ ရေးပြီးမှာခဲ့တဲ့ စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်းယူရဲ့ အမြော်အမြင်..

စင်ကာပူနိုင်ငံရဲ့ ခေါင်းဆောင်ကြီး လီကွမ်းယူဟာ သူသေရင် သူ့အိမ်ကို ဖျက်ဆီးဖြိုချပစ်ဖို့ သေတမ်းစာမှာ ရေးကာ မှာခဲ့ပါတယ်။ ဘာကြောင့်ပါလိမ့်။ သူ့နိုင်ငံသားတွေက သမိုင်းဝင်အိမ်မို့ ပြတိုက်လုပ်ဖို့ ပြောကြမယ်ဆိုတာ သိနေလို့ပါပဲ။

တကယ်လည်းသေပြီးရော သူထင်တဲ့အတိုင်း ဖြစ်လာကြရာကနေ သူ့သားသမီး ၃ ယောက်အကြား တရားတဘောင်ရင်ဆိုင်ရသည်အထိ ဇာတ်ရှိန်တက်ခဲ့ရပါတော့တယ်။

သူ့အိမ်က VVIP နေရာမို့ သူ့နားဝန်းကျင်ရပ်ကွက် သတ်မှတ်ဧရိယာအတွင်း သူ့လုံခြုံရေးအတွက် အထပ်မြင့်တိုက်တွေ ဆောက်လုပ်ခွင့် မပြုထားပါဘူး။ ဒီတော့ investor / developer တွေအဖို့ နေရာကောင်းပေမယ့် ဈေးကောင်းပေးဝယ်မရလို့ မြေဈေးက ရှိသင့်တာထက် ပိုကျနေတာပါ။ လီကွမ်းယူ ဟာ ပြတိုက်ဆောက်ပြီး သူ့ကိုချီးမွမ်းခန်းဖွင့်နေတာမျိုးကို တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွားထက် အဓိကမထားဘဲ ခုလိုသေတမ်းစာမှာ ဒီအိမ်ကိုဖျက်လို့ အတိအလင်းတောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအိမ်ဖျက်ရင် အဲနားဝန်းကျင်ဧရိယာဟာ စီးပွားရေးလုပ်ရမှာမို့ မြေတန်ဖိုးတက်သွားမှာကို သူ သေချာသိနေခဲ့ပါတယ်။

နိုင်ငံရေးသမားဆိုတာက နောင်လာမယ့် ရွေးကောက်ပွဲကိုပဲ မျှော်မှန်းပြီးလုပ်ကြတာဖြစ်ပြီး ခေါင်းဆောင်ကောင်းတွေက နောင်လာမယ့်မျိုးဆက်တွေကောင်းဖို့ အမြော်အမြင်နဲ့ လုပ်နိုင်ကြသူတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့မှာ လီကွမ်းယူ လို အမြင်ရှိတဲ့ သက်ရှိထင်ရှား ခေါင်းဆောင်ကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားတာကဖြင့် တကယ့်ကုသိုလ်ထူးပါပဲ။ ခေါင်းဆောင်ကောင်းရသခိုက် တက်စုံရွက်စုံထုတ်ပြီး ကျွန်တော်တို့အားလုံး လှော်ကြရပါလိမ့်မည်။ (June Ranger)

Leave a Comment

You cannot copy content of this page