News

နေပြည်တော် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ညွှန်ချုပ်တွေရဲ့ ရှက်ဖွယ်လုပ်ရပ်

နေပြည်တော် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ညွှန်ချုပ်တွေရဲ့ ရှက်ဖွယ်လုပ်ရပ်..

စာရင်းစစ်ချုပ်ရုံးက ညွှန်ချုပ်များအားရှုံ့ချပါတယ်..

နေပြည်တော် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှာ ဓါတ်ပုံထွက်ရိုက်တဲ့ လူစာရင်းကောက်ပါတယ်။ ပြီးတော့ ဖုန်းတွေကိုသိမ်းပြီး စစ်ပါတယ်။ ပုံတွေတင်ထားတာကို ဖျက်ခိုင်းပါတယ်တဲ့။ ဒီ CDM Campaign လုပ်တဲ့သူတွေနဲ့ Friend ဖြစ်နေရင် Unfriend ခိုင်းပါတယ်တဲ့။ နိုင်ငံရေးလုပ်ချင်ရင် အလုပ်ထွက်ပြီးမှ ခေါင်းဆောင်လုပ်ကြလို့လည်း ပြောပါတယ်တဲ့။ ညွှန်ချုပ်တွေက လုပ်နေတာပါ..

အပေါ်ကစာနဲ့ပုံတွေကို စာရင်းစစ်ချုပ်ရုံးက မိတ်ဆွေက သူတို့ကိုယ်စားတင်ပေးဖို့ တောင်းဆိုလာလို့ပါ။ သူတို့ကိုတော့ အတင်းအကျပ် ဖျက်ခိုင်းလို့ပါတဲ့။ ဒါဟာ ကျမတို့ နိုင်ငံသားတွေရဲ့ လွတ်လပ်တဲ့လူ့အခွင့်အရေးကို ပွင့်ပွင့်လင်းလင်းကြီး စော်ကားချိုးဖောက်နေတာပါ။ ဒီလိုတွေလုပ်လို့ CDM Campaign တွေကို နောက်တွန့်သွားလို့ မရဘဲ ပိုပြီး ရှေ့ဆက်တိုးရမှာပါ။

ကျမတို့ဟာ ပဒေရာဇ်ခေတ်မှာ မဟုတ်ပါဘူး။ အာဏာရှင်အုပ်ချုပ်ရေးကို အလိုမရှိပါဘူး။ အာဏာရှင်လက်ကိုင်တုတ်တွေရဲ့ လုပ်ရပ်ကို ရှုံ့ချပါတယ်။ CDM ရှေ့ဆက်ဖို့ ကျမတို့က တတ်နိုင်သမျှအားလုံးနဲ့ အကူအညီပေးသွားပါ့မယ်။

Leave a Comment

You cannot copy content of this page