Knowledge

တိဘတ်ဒေသရှိ တရားကျင့်တဲ့ ယောဂီများ နှင့် ရွေ့ပြောင်း ရွက်ဖျင်တဲများ

တိဘတ်ဒေသရှိ တရားကျင့်တဲ့ ယောဂီများ နှင့် ရွေ့ပြောင်း ရွက်ဖျင်တဲများ..

တိဘတ်ရှိ “Dzogchen” လို့ခေါ်တဲ့  တရားအကျင့် ကျင့်သူ ယောဂီများဟာ နေရာပြောင်းရွေ့ တရားထိုင်လေ့ ရှိကြပါတယ်။

ဒီလို ကျင့်ရာမှာ ကိုယ်ပိုင် တစ်ဦးစာ ရွက်ဖျင်တဲလေးများ ထိုးပြီး ရက်အနည်းငယ်ကြာ အခြေချ တရားထိုင်လေ့ ရှိကြပါတယ်။ တိဘတ် ခန်းဒေသကနေ မတ်တောင်းဒေသ အပူချိန် အနုတ် (၂၀) ဒီဂရီအောက်မှာ တရားထိုင်လေ့ ရှိကြပါတယ်။

လျှစ်စစ် မရှိ၊ အပူပေးတဲ့ စနစ် မရှိ၊ ရေချိုးခန်း နဲ့ အိပ်ရာလည်း မရှိကြပေမယ့် တရားထိုင်ခြင်းကြောင့်ရတဲ့ အတွင်းစိတ် အေးချမ်း ပြည့်စုံမှုကိုသာ သူတို့ ခုံမင်ကြတယ်လို့ ဆိုပါတယ်။ အတုအယောင် နှောင်ဖွဲ့မှုတွေကို စွန့်လွှတ်ကြပြီး မိမိ စိတ်အတွင်း ခရီးသွားနေကြသူများသာ ဖြစ်ကြပါတယ်။

ဗိသုကာ သုခုမ

Leave a Comment

You cannot copy content of this page