News

တန်ဆောင်တိုင်ကာလမှာ ရွှေတိဂုံစေတီတော်ကို အချိန်တိုးမြှင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း‌ ကြေငြာ

တန်ဆောင်တိုင်ကာလမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်မှာ ဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြေငြာထားပါတယ်။

ယခင်က ဘုရားဖူးချိန်ကို နံနက် ၆ နာရီကနေ ည ၆ နာရီအထိ သတ်မှတ်ထားပေမယ့် ရုံးပိတ်ရက် တန်ဆောင်တိုင်ကာလမှာ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော် ကြည်ညိုကုသိုလ်ယူကြသူ များပြားမှာဖြစ်သဖြင့် နိုဝင်ဘာ ၁၇ ရက်နေ့နဲ့ ၁၈ ရက် (၂) ရက်ကို နံနက် ၅ နာရီမှ ည ၇ နာရီအထိ အချိန်တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ယခုနှစ်မှာ မသိုးသင်္ကန်း မကပ်ဖြစ်ပေယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ ဘုရားဂေါပကရဲ့ အစီအစဉ်ဖြင့် ဝန်ထမ်းတွေနဲ့ မနက်မှာ ဆွမ်းတော်ကြီး ကပ်မှာဖြစ်ပြီး နံနက် ၅ နာရီခွဲမှာ မုခ်လေးမုခ်မှာရှိတဲ့ ရုပ်ပွားတော်တွေနဲ့ အထက်ပစ္စယံက ပတ္တမြားမျက်ရှင်မှာ ရွှေကြာသင်္ကန်းကပ်မယ့် အစီအစဉ်တွေကို အကျဉ်းချုံး ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်တဲ့ ဘုရားဖူးဧည့်သည်ဦးရေမှာ တစ်ရက်လျှင် ၅၀၀၀ နဲ့ ၁၀၀၀၀ ကြားထိ ဝင်ရောက်ဖူးမြော်လျက်ရှိကြပြီး အစိုးရရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ဘုရားဖူးဧည့်သည် ၃၀၀၀၀ ဦးနဲ့ ၅၀၀၀၀ ဦးဝန်းကျင်ကြား လာရောက်ဖူးမြော် နေနေတယ်လို့ သိရပါတယ်။

Leave a Comment

You cannot copy content of this page