၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတော့ မင်းသိခ်က တပ်ကြပ်ကြီးစာရေးဘဝ နဲ့ မကွေးတိုင်း စကုတပ်မှာ…။ တပ်ရင်းမှူးက ဌာနဆိုင်ရာတွေအားလုံးကို စာထုတ်တယ်… ။ (၂)ရက်အတွင်း စာရင်းအားလုံးပြီးအောင်လုပ်ရမယ်…။ မပြီးရင် ပြဿနာရှာမယ်…။
အဲ့ဒီစာတွေကို မင်းသိခ်က မောင်ဗမာစက်ဘီးအစုတ်လေးစီးပြီး ဌာနတွေကိုလိုက်ပို့ရတယ်…။ ဝန်ထမ်းတွေကလည်းကြောက်တော့ စာရင်းတွေအားလုံးကို (၂)ရက်အတွင်းပြီးအောင် နေ့မအိပ် ညမအိပ် ၊ ကလေး လူကြီး အကုန်ဝိုင်းလုပ်ရတယ်…။
(၂)ရက်လည်း ပြည့်ရော စာရင်းတွေ အားလုံးကို စက်ဘီးအစုတ်လေးနဲ့ လိုက်သိမ်းရတယ်…။ အားလုံးစုံသွားတော့ စာရင်းစာအုပ်တွေအကုန်လုံး တပ်ရင်းမှူးရှေ့မှာချပြီး သတင်းပို့ရတယ်… ။ ” ဌာနာဆိုင်ရာတွေက စားရင်းတွေအကုန်လုံးရပါပြီ တပ်ရင်းမှူး… ”
တပ်ရင်းမှူးက အေးအေးဆေးဆေးပဲ… ” အေး … စုံပြီဆိုရင် နောက်ဖေး လယ်ကွင်းထဲယူသွားပြီး အကုန် မီးပုံရှို့လိုက်တော့… ” ” ဟာ … အဘ… သူတို့ခမြာ ပင်ပင်ပန်းပန်းလုပ်ထားရတာ… ”
တပ်ရင်းမှူးက လေသံ ခပ်ပြတ်ပြတ်နဲ့ပြောတယ်… ။ ” မင်း… အဲ့ဒီစာရင်းတွေကို စစ်တတ်လို့လား…” ” မစစ်တတ်ပါဘူး… အဘ… ” ” အေး ငါလည်း မစစ်တတ်ဘူး… ” ” ဟာ… အာ့ဆိုဘာလို့ စာရင်းတွေလုပ်ခိုင်းရတာလဲ… အဘ ။ တပ်ရင်းမှူးက တုံးတုံးတိတိ တစ်ခွန်းတည်းပြောတယ်… ။ . ” လေးစားအောင်လို့ လုပ်တာကွ… ” (မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း)