Knowledge

တချိန်က အရှေ့တောင်အာရှတွင် ရုပ်ရှင်လုပ်ငန်း အအောင်မြင်ဆုံး ဖြစ်ခဲ့သည့် မြန်မာပြည်

တချိန်က အရှေ့တောင်အာရှတွင် ရုပ်ရှင်လုပ်ငန်း အအောင်မြင်ဆုံး ဖြစ်ခဲ့သည့် မြန်မာပြည်နှင့် အမှတ်တရ အတိတ်ကာလ..

မြန်မာနိုင်ငံသည် တချိန်က အရှေ့တောင်အာရှတွင် ရုပ်ရှင်လုပ်ငန်းအအောင်မြင်ဆုံးဟု ပညာရှင်များသတ်မှတ်ထားပြီး တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံပေါင်း ၃၀၀ အထိရှိခဲ့သည်။ ရန်ကုန်မြို့ရှိ အစောဆုံးရုပ်ရှင်ရုံသည် ဗိုလ်ချူပ်လမ်းက ဝဇီရာရုပ်ရှင်ရုံ ဖြစ်သည်။ ဝဇီရာရုံ၏ မူလနာမည်မှာ Excelsior ဖြစ်ပါသည်။ ၁၉၈၅ ခုနှစ် ဝဇီရာရုပ်ရှင်ရုံကို ပြဇတ်ပဒေသာကပွဲရုံသို့ ပြောင်းလဲခဲ့ပြီး ဘိုကလေးတင့်အောင်၊ ဒဂုန်တင်ဝင်းများ ပြဇတ်ကခဲ့ကြသည်။

၁၉၉၀ နဝတစစ်အစိုးရလက်ထက်မှာ ဝဇီရာပြဇတ်ရုံကို ရုပ်ရှင်ရုံအဖြစ် ပြန်ပြောင်းလဲခဲ့သည်။ မြန်မာ့ရုပ်ရှင်သမိုင်းဝင် ရှေးဟောင်းအမွေအနစ်စာရင်းဝင် ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်အစည်းအရုံး အမေရိကန်ယဉ်ကျေးမှုဌာနနှင့် ဒေါက်တာသန့်မြင့်ဦး (YHT -Yangon Heritage Trust) တို့၏ ပံ့ပိုးကူညီမူဖြင့် ထိမ်းသိမ်းစောင့်ရှောက်ရန် ဆောင်ရွက်လျှက်ရှိသည်။ ရုပ်ရှင်ခေတ်ကောင်းခဲ့စဉ်က ဗိုလ်ချူပ်အောင်ဆန်းလမ်းမှာ ရုပ်ရှင်ရုံ ၇ ရုံအထိရှိခဲ့ပြိး ၁၉၂၀ ခုနှစ်ကတည်ဆောက်ခဲ့သည့် ဝဇီရာရုံသည် ထိပ်ဆုံးမှာတည်ရှိခဲ့ပါသည်။

မဆလဗိုလ်နေဝင်းလက်ထက် ပြည်သူပိုင်သိမ်းခံခဲ့ရသော ရုပ်ရှင်ရုံများ၏ မူလနာမည်နှင့် နာမည်အသစ် (ဖတ်မိသမျှ)။ ပပဝင်း (Palladium)၊ ဂုဏ် (Globe)၊ ရဲရင့် (Ritz)၊ တော်ဝင် (Royal)၊ ယုဇန (Carlton)၊ ဘုရင့် (King)၊ သွင်၊ ဆုထူးပန်၊ မြို့မ၊ ရွှေဂုံ၊ ရှေ့ဆောင်၊ နေပြည်တော် တို့ဖြစ်သည်။ ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံများအတွဲလိုက်စီတန်းတည်ရှိမှုသည် တချိန်က အာရှတွင် အလွန်ကျော်ကြားခဲ့ပါသည်။

ရန်ကင်းမှာ ရုပ်ရှင်ရုံ နှစ်ရုံရှိခဲ့ပါသည်။ သနက (၄) နှင့် ဘောက်ထော်အမြောက်တပ် တပ်တွင်းရုပ်ရှင်ရုံများ ထည့်ပေါင်းလျှင် ရန်ကင်းမှာ စုစုပေါင်းရုပ်ရှင်ရုံ ၄ ရုံရှိခဲ့သည်။ ကံဘဲ့အောင်သီရိရုံ၌ အကြည့်များပြီး အောင်ဇေယျရုံတွင် ၁ ကား ၂ ကားမျှသာ ကြည့်ဖူးသည်။ သနက (၄) တပ်တွင်းရုံတွင် အကြည့်များပြီး အမြောက်တပ်ရုံ၌ ရုပ်ရှင် ၂ ကားမျှကြည့်ဖူးပါသည်။ ကျောင်းပြေးပြီး ကံဘဲ့အောင်သီရိရုံကို ကျနော်တို့လူငယ်တွေ သွားကြည့်ကြပါသည်။ တွံတေးသိန်းတန်ပါသော ရုပ်ရှင်ဖြစ်ပြီး ကားနာမည်ကို မေ့နေပါပြီ။

ခိုးကြည့်ကြသောကြောင့် ရုပ်ရှင်ပြပြီး မှောင်နေချိန်ကြမှ ရုံထဲဝင်ခဲ့ကြပါသည်။ ရုပ်ရှင်တစ်ပိုင်းပြပြီး ခေတ္တအနားပေးချိန်တွင် ရုံထဲမှ မီးများလင်းလာပါသည်။ ရုံထဲတွင်ရန်ကင်းထဲမှ စုံတွဲ ၃-၄ တွဲ ထိုင်နေကြသည်ကို တွေ့ရပါသည်။ ကျနော်တို့မြင်လို့သူတို့ ခိုးလို့ခုလုဖြစ်နေကြတာမှတ်မိသည်။ အချို့အတွဲကရုံထဲမီးလင်းလာလို့ ရှက်လို့ မျက်နာကွယ်ပြီး ငြိမ်နေကြပါသည်။ ကျနော်တို့ လက်မှတ်က ငါးမူးတန်းဖြစ်ပါသည်။ အနောက်ဘက် ၁ ကျပ်တန်း ၂ ကျပ်တန်း ခုံလွတ်နေပါသည်။ မီးပြန်ပိတ်၍ ရုပ်ရှင်ပြန်ပြသောအခါ ကျနော်တို့အုပ်စု အနောက်ဘက် ၂ ကျပ် အတန်းဆီ ပြောင်းထိုင်ကြပါသည်။ ရုံစောင့်က ကလေးတွေဖြစ်ပြီး ပြချိန်တစ်ဝက်ကျော်နေလို့ ဘာမှမပြောခဲ့ပါ။

ရန်ကုန်မြို့၏ ပထမဆုံးရုပ်ရှင်ရုံ ဝဇီရာရုံကို ကိုလိုနီခေတ်က မြင်တွေ့ရစဉ်။

လွင်ဦး (ရန်ကင်း)

Leave a Comment

You cannot copy content of this page