News

ကိုဗစ်နဲ့ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေ အားလုံး တစ်လထပ်မံ သက်တမ်းတိုး

ကိုဗစ်နဲ့ပတ်သက်တဲ့ အမိန့်ညွှန်ကြားချက်တွေ အားလုံး တစ်လထပ်မံ သက်တမ်းတိုး…

ကိုဗစ်ကပ်ရောဂါပျံနှံ့မှုကို ထိန်းချုပ်ဖို့လိုအပ်တာကြောင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ကာကွယ်တားဆီးရေးအတွက် အောက်တိုဘာလ (၃၁)ရက်နေ့အထိ ထုတ်ပြန်ထားတာတွေကို နိုဝင်ဘာလကုန်ထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

တိုးမြှင့်သတ်မှတ်လိုက်တဲ့ အကြောင်းကိုတော့ အောက်တိုဘာလ (၂၈)ရက်နေ့မှာ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီက ထုတ်ပြန်လိုက်တာပါ။

ဒါကြောင့် နှစ်နိုင်ငံအစိုးရအစီအစဉ်နဲ့လာတဲ့ လေယာဉ်တွေကလွဲလို့ ပြည်ပကလေယာဉ်ဝင်ရောက်မှုတွေ၊ လူစုလူဝေးလုပ်မှုတွေ၊ ကျောင်းဖွင့်တဲ့ကိစ္စတွေနဲ့ တခြားသတ်မှတ်ထားတဲ့ ကိစ္စတွေကိုလုပ်လို့မရသေးပါဘူး။

ပိုးတွေ့လူနာအများဆုံးဖြစ်နေတဲ့ ရန်ကုန်တစ်တိုင်းလုံးကိုတော့ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး စက်တင်ဘာလ (၂၁)ရက်နေ့ကစလို့ ပြည်သူတွေအိမ်မှာပဲနေဖို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ (၂၈) ရက်နေ့ညပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ(၄၉၀၇၂)ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၂၈၆၃၆)ယောက်နဲ့ သေဆုံးသူ (၁၁၇၂)ယောက်ရှိနေပါတယ်။

Leave a Comment

You cannot copy content of this page