News

အခုလိုအချိန်မှာ တပ်ဆေးရုံများကို ပက်ပက်စက်စက် ဝက်ဝက်ကွဲ အားပေးကြပါစို့

အခုလိုအချိန်မှာ တပ်ဆေးရုံများကို ပက်ပက်စက်စက် ဝက်ဝက်ကွဲ အားပေးကြပါစို့..

တပ်မတော်ဆေးရုံများတွင် ပြည်သူများ တက်ရောက်ကုသနိုင်တဲ့..

ဒီအချိန်ဟာ အခွင့်ကောင်းပဲ ပြည်သူတို့။ အုံလိုက်ကျင်းလိုက် သူတို့ကိုအားကိုးရမယ်.. မနိုင်ဝန်ဖြစ်အောင် အားကိုးရမယ်.. Admission တစ်နေ့ရာချီဖြစ်အောင် အားကိုးရမယ်…

သူတို့ အလကားစစ်ပေးသမျှ ဆေးစစ်ချက်တွေ ရသလောက် အကုန်စစ်ရမယ်.. သူတို့ပေးတဲ့ ဆေးတွေ အလကား ပဖြဲနဖြဲယူပြီး ကျေးဇူးတင်ပါတယ် ပြောခဲ့ရမယ်..

အရပ်ဖက်ဆေးရုံတွေမှာ ဘယ်လို အားမကိုးရဘူးပြောပြီး သူတို့က ဘယ်လိုတွေအားကိုးရပါတယ်ပြောပြီး အပီအပြင် ပက်ပက်စက်စက် ဝက်ဝက်ကွဲ အားကိုးရမယ့် အချိန်ရောက်ပြီ ပြည်သူတို့။

အခုအချိန်ဟာ ပြည်သူ့အားကို ပြရမယ့်အချိန်ဖြစ်တယ်.. တပ်ဖက်ဆေးရုံတွေကို ဝက်ဝက်ကွဲ အားကိုးကြပါစို့..

(ဒေါက်တာကျော်ကျော်စိုင်း)

Leave a Comment

You cannot copy content of this page