International News

တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိကြောင်း ပြသကာ မွန်ဂိုလီးယား ဝန်ကြီးချုပ် နုတ်ထွက်ပြီ

တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိကြောင်း ပြသကာ မွန်ဂိုလီးယား ဝန်ကြီးချုပ် ရားထူးမှ နုတ်ထွက်ပြီ..

မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦးကို ကိုဗစ် Q စင်တာသို့ ရွှေ့ပြောင်းပေးချိန်တွင် ထိုအမျိုးသမီးနှင့် မွေးကင်းစကလေး အနွေးထည် မရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မွန်ဂိုလီးယား ဝန်ကြီးချုပ်က နုတ်ထွက်မည်ဟု ကြေညာလိုက်ကြောင်း ဇန်နဝါရီလ ၂၁ ရက် နိုင်ငံတကာ သတင်းများအရ သိရသည်။

မွန်ဂိုလီးယား ဝန်ကြီးချုပ်က “ခိုက်ခိုက်တုန်အောင် အေးနေတဲ့အချိန်မှာ သွေးနုသားနု လူနာအမျိုးသမီးတစ်ယောက်ကို ဘာအနွေးထည်မှ မပေးတာဟာ တာဝန်မဲ့တဲ့လုပ်ရပ်၊ လူသားမဆန်တဲ့လုပ်ရပ်ပါပဲ” ဟု ဆိုကာ ထိုဖြစ်ရပ်အတွက် တောင်းပန်သွားသည်။

“ကျွန်တော်လည်း ကလေးအဖေပါပဲ။ ဖခင်တစ်ယောက်အနေနဲ့သာမကဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ပါ ဒီကိစ္စအတွက် အင်မတန်ကိုမှ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဝန်ကြီးချုပ်က ဆက်ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ကာ အစိုးရအဖွဲ့တစ်ဖွဲ့လုံးနှင့် အလုပ်လုပ်သွားရန် စီစဉ်ထားသော်လည်း ဒုဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးကပါ နုတ်ထွက်သွားသဖြင့် ထိုအစီအစဉ်ကို အကောင်အထည် မဖော်နိုင်တော့ကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ယင်းကိစ္စအတွက် မိမိဘာသာ တာဝန်ယူသင့်ပြီး လူထုတောင်းဆိုချက်ကို လက်ခံသင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသွားသေးသည်။

အဆိုပါ အမျိုးသမီးသည် ကိုဗစ် ဖြစ်နေသဖြင့် ကလေးမွေးပြီးပြီးချင်း သူမနှင့်ကလေးကို Q စင်တာသို့ ပို့စဉ် ထိုသို့ ပြီးစလွယ် ခိုက်ခိုက်တုန်အောင် အေးနေတဲ့အချိန် ဘာအနွေးထည်မှ မပေးပဲ ပို့နေပုံ ဗီဒီယိုဖိုင် ပျံ့နှံ့သွားပြီး လူထုကြီးမကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

Leave a Comment

You cannot copy content of this page